Wednesday, May 27, 2009

ကျွန်တော့်စာအုပ် လာပို့မပို့

| |

`အစ်ကို... ကျွန်တော့်ကို တစ်ခုလောက်ကြည့်ပေးဗျာ´

`ဘာကြည့်ပေးရမှာလဲ ပြော...´

`ဒီလိုဗျာ... ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကို စာအုပ်ငှားထားတာ အဲဒီစာအုပ်ကို ဒီည ပြန်လိုချင်နေတာ... အဲဒါ သူကျွန်တော့်ဆီ ပြန်ယူလာမလား မယူလာဘူးလား သိချင်လို့...´

`မင်း သူငယ်ချင်းနေတဲ့နေရာက ဝေးလို့လားဗျ´

`အဲ... သိပ်မဝေးပါဘူး အစ်ကိုရာ... ဒါပေမယ့် အဲဒီသွားရင် သူ့အခန်းဖော်နဲ့တွေ့မှာ သူ့ကို ကျွန်တော်က တွေ့ချင်တာ မဟုတ်ဘူး... တော်တော့်ကို ကွိုင်ရှာတာ...´

`နေပါဦး... သူလာမပို့ဘူးဆိုရင် မင်းက ဘာလုပ်မှာလဲ´

`သူ့အခန်းသွားယူရတော့မှာပေါ့ အစ်ကိုရာ...´

`ဟာ... ဟေ့ကောင်... မင်းကွာ... မင်းဟာမင်း သွားယူရင်ရရဲ့သားကို ငါ့လာပြဿနာလုပ်နေတယ်´

`မဟုတ်ဘူးလေ အစ်ကိုရ... အစ်ကိုက တွက်ကြည့်လို့မှ လာမပေးဘူးဆိုရင် ကျွန်တော်က သွားရမှာ... လာပေးမယ်ဆိုရင် ကျွန်တော်က သွားစရာ မလိုတော့ဘူး...´

`ဟာ... ဟေ့ကောင်... မင်းဟာက မဟုတ်သေးပါဘူးကွာ၊ တော်ပြီ တွက်မပေးဘူး´

`အစ်ကိုကလည်းဗျာ... အချင်းချင်းတွေ သိပ်ဈေးကိုင်တာပဲ´

`တော်တော်... မင်းဟာမင်းသွားယူစမ်းကွာ... ရှင်းနေတာကို တော်တော်ရှုပ်အောင် လုပ်ချင်တဲ့ကောင်...´


အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး

0 comments:

top

Post a Comment