Friday, May 29, 2009

ဒေါ်အောင်ဆန်းစုကြည်၏ ကံကြမ္မာ

| | 0 comments

(ဒီပုံကို http://demonmisty.blogspot.com/ မှ ကူးယူ အသုံးပြုပါသည်။)

သည်းစွာသောအနာကို ကုစားပါအံ့
သမီး၏ လုံ့လ၀ီရီယဖြင့် နာလန်ထူပါစေအံ့…
မွေးကျေးဇူးကို မသိတတ်သော
ထိုသူတို့အား
သိနားလည်အောင် ဆွဲဆောင်နိုင်စွမ်းကို
သမီးအားပေးပါလေ…
တွေ့ရအံ့သော ဘေးရန်တို့ကို
သမီးထီမည်မဟုတ်…
တဘ၀တွင် တခါသာသေရသည်ဖြစ်၍
အဘယ်နည်းနှင့်သေရသည်ဖြစ်စေ
သမီး၌မထူးခြား…
သမီး၏ စိတ်ကူးတို့သည်
အကယ်အဖြစ်သို့ ရောက်သောအချိန်တွင်
အသင်တို့သည်လည်း ပျော်မြူးကြရမည်…
အခြားအခြားသော သူတို့၏
ရှုတ်ချခြင်း
ကဲ့ရဲ့ခြင်း
မုန်းတီးရွံ့ ရှာခြင်း
နာမည်ဖျက်ခြင်းတို့ကို
သမီး အလျဉ်း ဂရုမပြု…
မိခင်ထံမှ ဒါမှငါ့သမီး ဟူသော
ကျုးရင့်သံကိုသာ တောင့်တပါ၏…
လောကတွင် မိခင်၏ ကျေးဇူးကို
အသိတတ်ဆုံးသမီး ဖြစ်ရပါလို၏။ ။

(ဒေါ်အောင်ဆန်းစုကြည်)

ခင်တဲ့ သူငယ်ချင်းတွေက တိုက်တွန်းတာရယ်... ကျွန်ုပ်တို့ ကိုယ်တိုင်ကလည်း ဘာဖြစ်လာမလဲဆိုပြီး သိချင်စိတ်တွေရယ်နဲ့ ရိုးသားမှု အရင်းခံပြီး ဒီပို့စ်ကို ရေးသားရခြင်းဖြစ်ပါသည်။

ပထမဆုံး အန်တီစုရဲ့ လတ်တလောကံကြမ္မာ ဘယ်လိုတွေဖြစ်နေသလဲ ဆိုတာကို ၃ ချပ်ဆွဲနည်းနဲ့ အရင်ဆုံး တွက်ကြည့်တဲ့အခါ အောက်ပါအတိုင်း လီနော်မန်ကတ်တွေ ကျလာပါတယ်။


Scythe + Bear + Cloud

ပထမဆုံး တစ်ချပ်ခြင်းအဟောတွေကို ကြည့်မယ်ဆိုရင်...

Scythe ဆိုတဲ့ တံစဉ်ကတ်ပြားက ပြတ်စဲခြင်း၊ ထိခိုက်ဒဏ်ရာရရှိနိုင်ခြင်း၊ ဘေးအန္တရာယ်ရှိခြင်းတွေကို ပြတာပါ။ ပြီးတော့ ဒီကတ်ပြားက အန်တီစုဟာ ပြဿနာတွေ၊ Stress တွေ၊ အိပ်ရေးပျက်တာတွေနဲ့ ရင်ဆိုင်နေရတာကို ဆိုလိုပါတယ်။ အဘက်ဘက်မှ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိပါတယ်။ ဒီကတ်မှာပါတဲ့ Jack of Diamonds ဆိုတာကတော့ စိတ်မြန်တဲ့အပြင် တစ်ဘက်သား ထိသွားအောင်၊ နာအောင် ပြောတတ်တဲ့ လူကို ကိုယ်စားပြုပါတယ်။

Bear ဆိုတဲ့ ၀က်ဝံကတ်ပြားကတော့ ကိုယ့်ခွန်အား၊ ကိုယ့်စိတ်ဓာတ်အပေါ် ယုံကြည်မှု၊ သူတစ်ပါးအပေါ် လွှမ်းမိုးနိုင်မှု စတာတွေကို ပြသတာပါ။ ကျန်းမာရေးအရ စိတ်ပျက်တာ စိတ်ပူပန်ရတာတွေကြောင့် ကိုယ့်စိတ်ကိုယ် ကိုပြန်ထူထောင်နေတဲ့အချိန်ကို ပြသပါတယ်။ ဒီမှာပါတဲ့ Ten of Clubs ဆိုတာဟာ နောက်ဆုံးစာမေးပွဲကြီး ဖြေနေရတဲ့အနေအထားမျိုးကို ပြဆိုပါတယ်။ (Ten ဆိုတာ ဂဏန်းပါတဲ့ ဖဲချပ်တွေထဲက နောက်ဆုံးအချပ်ကို ကိုယ်စားပြုရတဲ့ အတွက်ဖြစ်ပြီး Clubs ကတော့ အလုပ်အကိုင် အကြံအစည် စတာတွေကို ကိုယ်စားပြုလို့ပါပဲ)

Cloud ဆိုတဲ့ မိုးတိမ်ကတ်ပြားကတော့ မရှင်းလင်းခြင်း၊ စိမ်ခေါ်မှုများ၊ အခက်အခဲ အတားအဆီးများရှိခြင်း၊ အနှောက်အယှက်ရှိခြင်း စတာတွေကို ပြသတာပါ။ ဒါကြောင့် အခုအချိန်ဟာ အနားယူသင့်တဲ့အချိန်၊ စောင့်ဆိုင်းနေသင့်တဲ့ အချိန်လို့ ဆိုလိုပါတယ်။ ဒီမှာပါနေတဲ့ King of Clubs ကတော့ အဆိုးမြင်တတ်တဲ့ လူကို ကိုယ်စားပြုနေပါတယ်။

အတွဲကတ်တွေအနေနဲ့ ကြည့်မယ်ဆိုရင်တော့ Scythe + Bear အတွဲက အန်တီစုဟာ စိတ်မြန်တဲ့အပြင် ထိခိုက်အန္တရာယ်နဲ့ စိုးရိမ်ရဖွယ်ရှိသော်လည်း မိမိစိတ်ကို တင်းထားပြီး ယုံကြည်ချက်နဲ့ ဆက်လက် အသက်ဆက်နေတာကို ပြဆိုပါတယ်။

Bear + Cloud ဆိုတဲ့ ကတ်ပြားတွေက ပြဆိုတာကတော့ အန်တီစုဟာ ကိုယ့်အားကိုယ်ကိုးပြီး ယုံကြည်ချက်အပြည့်နဲ့ ရပ်တည်လုပ်ကိုင်နေပေမယ့် အခက်အခဲအတားဆီးတွေ မရေရာ မသေချာမှုတွေ ရှိနေတာကို ပြဆိုနေပါတယ်။

ဒီသုံးချပ်တွဲကို အနှစ်ချုပ်ပြောရရင်တော့ စိတ်ဓာတ်ပြင်းထန်ခိုင်မာတဲ့ အန်တီစုဟာ နောက်ဆုံး အရေးကြီးတဲ့ အခြေအနေတွေ၊ အနေအထားတွေနဲ့ ကြုံတွေ့ စစ်ဆေးခံနေရပြီး လုပ်ကိုင်သမျှတွေဟာလည်း အခက်အခဲ အတားအဆီးတွေနဲ့သာ ကြုံတွေ့နေရတယ်ဆိုတာကို ပြသနေပါတယ်။ ဒါ့အပြင် ဘေးအန္တရာယ်လည်း ကြုံတွေ့နိုင်ပြီး အဘက်ဘက်က စိုးရိမ်ရတဲ့ အနေအထားမှာရှိလို့ ဒီအချိန်မှာ စိတ်ရောကိုယ်ပါ အနားယူသင့်တာကို ပြသနေပါတယ်။

ဆက်လက်ပြီး အန်တီစုရဲ့ အနာဂတ်ကံကြမ္မာကို အသေးစိတ်သိဖို့အတွက် Pine Tree Spread ဆိုပြီး ကတ်ပြား ၁၂ ချပ်ပါတဲ့ ထင်းရှုးပင်ပုံ ဖြန့်ကျက်နည်းနဲ့ အောက်ပါအတိုင်း လီနော်မန်ကတ်တွေကို ခင်းကြည့်ပါတယ်။



What Crowns
Fox

Unexpected
Child + Bouquet

Expected.............Near Future
Rider + Scythe .........Cross + Lady

Present...........................................Future
Sun + Dog .............................Clover + Coffin

Summary
Birds

ပထမဆုံး Present Situation လောလောဆယ် အခြေအနေကို ကြည့်တဲ့အခါ Sun + Dog ကတ်ပြားက ကောင်းမွန်တဲ့ အခြေအနေကို ပြဆိုပါတယ်။ လောလောဆယ် အန်တီစုမှာ အားထားယုံကြည်လောက်တဲ့ အပေါင်းအသင်း မိတ်ဆွေတွေ ရှိနေတာကို ပြသနေပါတယ်။

Expected Card တွေအနေနဲ့ ကျတဲ့ Rider + Scythe က ဆိုလိုတာဟာ အန်တီစု မျှော်လင့်တာက မကောင်းတဲ့သတင်းတွေ ဆိုးတဲ့အခြေအနေတွေကို ကြားရလာလိမ့်မယ် ဆိုတာပါပဲ။

Unexpected Card တွေက Child + Bouquet ဆိုတဲ့ ကတ်ပြားတွေပါ။ ဒီတော့ အန်တီစု မမျှော်လင့်တာအနေနဲ့ သူမပတ်ဝန်းကျင်မှာရှိတဲ့ တချို့သော အခြေအနေတွေ၊ သူမကို ကမ်းလှမ်းလာတဲ့ ကိစ္စတွေကို အမြင်သစ် အတွေးသစ်နဲ့ ရှုမြင်ဖို့ ဖြစ်ပြီး အဲဒါတွေကို အပြုသဘောကျကျ လက်ခံနိုင်ဖို့ပါပဲ။

Near Future မှာ ကျတဲ့ Cross + Lady ကတ်တွေအရ အန်တီစုဟာ စစ်ဆေးမေးမြန်းမှုတွေ၊ စမ်းသပ်မှုတွေနဲ့ ကြုံတွေ့ရမှာကို ပြဆိုပါတယ်။ ကံကြမ္မာရဲ့ အခက်အခဲတွေကို ရင်ဆိုင်နေရတာကိုလည်း ပြဆိုပါတယ်။ ဒါပေမယ့် အဆုံးသတ်မှာ ခက်ခက်ခဲခဲနဲ့ အောင်မြင်မှု ရမယ်လို့ The Cross ကတ်က ဆိုလိုပါတယ်။

Future မှာ ကျတဲ့ Clover + Coffin ကတ်တွေအရ ဘယ်လောက်ပဲ ဆိုးတဲ့၊ စိမ်ခေါ်နေတဲ့ အခြေအနေဖြစ်ပါစေ အဆုံးသတ်ရောက်ဖို့ နီးစပ်လာပြီဟု ဆိုလိုတာပါ။

ဒီဟာတွေ အားလုံးအပေါ်ကို လွှမ်းမိုးနေတဲ့ Crown ကတ်ကတော့ Fox ဆိုတဲ့ကတ်ပါ။ ပတ်ဝန်းကျင်မှာ တွေ့နေရတဲ့ လူတွေရဲ့ လိမ်လည်ကောက်ကျစ်မှုတွေ၊ မရိုးသားမှုတွေ၊ အကောက်ကြံစည်မှုတွေကို ပြဆိုနေတာပါ။

အဲဒါတွေအားလုံးရဲ့ အချုပ် Summary ကတ်ကတော့ Birds ဆိုတဲ့ ကတ်ပါ။ ယာယီ အခက်အခဲ၊ ၀မ်းနည်း ပူဆွေး၊ စိတ်ပူပန်မှုတွေကို ပြဆိုတာ ဖြစ်ပါတယ်။

ဒီဖြန့်ကျက်မှုကို အနှစ်ချုပ်ပြောရရင် အန်တီစုဟာ လက်ရှိမှာ ကူညီမယ့် မိတ်ဆွေကောင်းတွေ ရှိနေပြီး အခြေအနေ အဆိုးဆုံးအထိကို သူမ မျှော်လင့်ထားပါတယ်။ ဒါပေမယ့် သူမ မျှော်လင့်မထားတဲ့ ကမ်းလှမ်းလာမယ့် အခွင့်အလမ်းတွေ ရှိနေမှာဖြစ်ပြီး သိပ်မကြာခင်မှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို အခက်အခဲတွေ ကြားထဲကပဲ အောင်မြင်သွားမယ်လို့ ယူဆနိုင်ပါတယ်။ ပတ်ဝန်းကျင်မှာလည်း မရိုးသားတဲ့ အကောက်ကြံမှုတွေသာ ကြီးစိုးနေပေမယ့် အခုရင်ဆိုင်နေရတဲ့ ဒုက္ခတွေဟာ ယာယီသာဖြစ်ပြီး သိပ်မကြာခင်မှာ အဆုံးသတ်တော့မယ် ဆိုတာကို ပြောလိုက်ပါရစေ။

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်...
အုပ်စိုး

++++++++++++++

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကံကြမ္မာကို တွက်စစ်ဖို့ တားရော့ ၃ကတ်ဆွဲနည်းနဲ့ လေ့လာကြည့်ပါတယ်။


4 of Cups + Queen of Swords + Ace of Cups

4 of Cups ကဒ်က အလိုဆန္ဒ မပြည့်ဝခြင်း ပျင်းရိငြီးငွေ့ဖွယ်ကောင်းခြင်း မဖြစ်နိုင်သည်ကို မျှော်လင့်မိခြင်း၊ အတိတ် ကိုကြည့်ရင် မဖြစ်နိုင်တာကို မျှော်လင့် မိနေတဲ့ သဘော စတာတွေကိုပြသပါတယ်... ပျင်းရိငြီးငွေ့ဖွယ်ကောင်းတဲ့ တိုက်ပွဲလိုဖြစ်နေပါတယ်.. နောက်တစ်မျိုးကတော့ အခွင့်အရေးတစုံတရာ ပေါ်လာတဲ့ အခြေအနေလို့ လည်း ယူဆလို့ ရပါတယ်ဆိုတာပါ။

Queen of Swords ကတော့ အထီးကျန်ခြင်း နှလုံးသားခံစားချက်များကို မြိုသိပ်ထားခြင်း ရည်းစားပျက် အိမ်ထောက်ပျက် ဖြစ်တတ်ခြင်း ကိုယ်ကျင့်သိက္ခာ စောင့်ထိန်းနေရခြင်း စတာတွေကို ပြသပါတယ်။ ဒီကဒ်ရဲ့ အဓိပ္ပါယ်ကို လွယ်လွယ်ကောက်ရရင်တော့... သူမဟာ အထီးကျန်ခြင်းနဲ့အတူ နှလုံးသားခံစားချက်တွေကို မြိုသိပ်ထားရင်း နဲ့ ကိုယ်ကျင့်သိက္ခာ စောင့်ထိန်းခြင်း ကို ဖော်ပြနေပါတယ်။

Ace of Cups ကဒ်ကတော့ စိတ်ချမ်းသာမှု အပြည့်အ၀ ရရှိခြင်း ၊ ပေါများ ကြွယ်ဝခြင်း ချစ်ခင်ပေါင်းသင်းဆက်ဆံမှု အစပျိုးခြင်း စတာတွေကို ပြသပါတယ်။ တကယ်တမ်းဆို ဒီကဒ် ကတော့ Result လို့ ပြောလို့ ရတဲ့ကဒ်ပါပဲ ။ စိတ်ချမ်းသာခြင်း ပေါများကြွယ်ဝခြင်း ချစ်ခင်ပေါင်းသင်းမှု အစပျိုးခြင်း စတာတွက ပြဆိုတာကိုကြည့်ရင်ဖြင့်... အန်တီစု အင်းစိန် ထောင်ကို မ၀င်ရဘဲ သူ့ အိမ်ကို ပြန်ရမယ့် အနေအထားမျိုး ဖြစ်စေမယ့် အခြေအနေ အသစ်တရပ်ပေါ်ပေါက်ပါလိမ့်မယ်.. သို့မဟုတ် သဘော တူညီမှုတခု ရမယ် .. သို့တည်းမဟုတ် မျှော်လင့်ချက် တရပ်ပေါ်လာပါလိမ့်မယ်လို့ ကောက်ယူနိုင်ပါတယ်။

အနှစ်ချုပ်အနေဖြင့် ဘယ်လိုအခြေအနေမျိုး ဖြစ်လာမလဲဆိုတာ အတိအကျမပြောနိုင်သော်လည်း အရင်အခြေအနေဟောင်းကို ပြန်သွားတော့မယ်မဟုတ်ဘူးလို့ ကောက်ချက်ချပါရေစေ။ ကောင်းသော အခြေအနေ အသစ်ဟာ အန်တီစုအတွက် အလွယ်တကူ ပေါ်လာမှာဖြစ်ပြီး အဲ့ဒီ အခြေအနေဟာလည်း လျှပ်စစ်လို လျှင်မြန်တဲ့ အရှိန်နဲ့ လာနေပါတယ်... သို့ မဟုတ်… ရေထဲက ဘွားခဲနဲ ပေါ်သလို ရုတ်ချည်း ပေါ်လာတဲ့အခြေအနေ ဖြစ်ပါလိမ့်မယ်လို့ ကောက်ချက်ပြုပါရစေ။

မေတ္တာဖြင့်...
မိုးသူ

Read more...

Thursday, May 28, 2009

ဝိုင်မာ chitthukoko နှင့် စကားစမြည် (၁)

| | 0 comments

moonloverster: မင်္ဂလာပါ ကိုအုပ်စိုး

me:
ဟုတ်ကဲ့... ဘယ်သူလဲ သိဘူး... ၀ိုင်မာက chitthukoko ဆိုတာလား

moonloverster:
ဟုတ်ကဲ့... ဗေဒင်မေးချင်လို့... အားမှနော်

me:
ရပါတယ် ဘာအကြောင်းမေးမလဲဗျ

moonloverster:
ဟုတ်ကဲ့၊ အချစ်အကြောင်း

me:
အော်... ခဏဗျာ... ကော်နက်ရှင် ကျနေတယ်။

moonloverster:
ဟုတ်ကဲ့၊


me:
အင်း... ခုတော့ အားပြီဗျ၊ ပြောပါ ဘာသိချင်လဲဗျာ။ အချစ်အကြောင်းပဲလား

moonloverster:
ဟုတ်၊ ကျွန်တော့ကိုတကယ်ချစ်မယ့်သူရှိမရှိ... ရှိရင်လဲရမရ သိချင်တယ်

me:
ဟုတ်ကဲ့

၁) တကယ်ချစ်တဲ့သူရှိမရှိ

၂) ရှိခဲ့ရင် ရမရ

အဲလို မဟုတ်လား အိုကေ... ခဏဗျာ

moonloverster:
ဟုတ်ကဲ့

me:
အင်း... ကတ်ပြား ၃ ကတ်ဆွဲလိုက်တယ်ဗျ


Garden + Anchor + Birds

တစ်ချပ်ခြင်း ပြောရရင်...

Garden ဆိုတဲ့ ပန်းခြံကတ်က အများသူငှာ Public နဲ့ ဆိုင်တယ်၊

Anchor ဆိုတဲ့ ကျောက်ဆူးကတ်ပြားက တည်မြဲမှု ခိုင်ခန့်မှု

Birds ဆိုတဲ့ ငှက်ကတ်ပြားက ရွေ့လျားတာ၊ ဆက်သွယ်လှုပ်ရှားရတာ

moonloverster:
အော်

me:
အဲဒါက တစ်ကတ်ခြင်း အဓိပ္ပာယ်

moonloverster:
ဟုတ်ကဲ့

me:
ကျောက်ဆူးဆိုတာ က ကျောက်ချတဲ့အဓိပ္ပာယ်မျိုးဗျ

moonloverster:
အင်း

me:
ခင်ဗျားက ခုအခြေအနေနဲ့ ရှိမယ့် ပုံစံရှိတယ်... အတွဲအရဆိုရင်

ပန်းခြံ+ ကျောက်ဆူး = တစ်ယောက်ယောက်က ခင်ဗျားကိုယ်စား နာမည်ကောင်းရသွားတာ

moonloverster:
ဟုတ်ကဲ့

me:
ထင်တာပြောတာနော် (စိတ်မဆိုးနဲ့) ခင်ဗျားက ပိုးပေမယ့် သူများက ယူသွားသလိုမျိုး ဖြစ်တတ်တာ

moonloverster:
ဟုတ် ရပါတယ်

me:
ကျောက်ဆူးဆိုတာက ပင်လယ်နဲ့ ဆိုင်တာလေ... အများသူငှာ လာတဲ့ ပန်းခြံနဲ့ ဆိုင်မှ မဆိုင်တာ

ဆိုလိုတာက ခင်ဗျားက အဲလို လေးတဲ့ ကျောက်ဆူးကြီးကို ပင်ပင်ပန်းပန်းနဲ့ ပန်းခြံထဲသယ်လာတယ်ဗျာ

moonloverster:
အင်း

me:
ခုတ်ရာတခြား ရှရာတလွဲလို ဖြစ်သလိုမျိုး

နောက်တစ်တွဲက ကျောက်ဆူးနဲ့ ငှက် ၂ ကောင်

အဲဒါကလည်း balance မဖြစ်သလို ဖြစ်နေတာ ငှက်ဆိုတာက အတောင်အလက် စုံလို့ ပျံချင်တယ်

moonloverster:
ဟုတ်ကဲ့

me:
အဲဒါကို ခင်ဗျားက ကျောက်ဆူးကြီးနဲ့ ချိတ်ထားတယ်

အဲဒီကျောက်ဆူးဆိုတာ ခင်ဗျားရဲ့ မာနတွေ အတ္တတွေ ဖြစ်ချင်ဖြစ်မယ်။

သုံးချပ်လုံး ခြုံပြောရရင် ခုလောလောဆယ်မှာ ခင်ဗျား ရည်းစားရဖို့ မမြင်သေးဘူးဗျ

moonloverster:
ဟုတ်ကဲ့

me:
အဲ... ဒါကို သေချာအောင် နောက် layout တစ်ခုနဲ့ ထပ်ကြည့်ပေးမယ်ဗျာ... ခဏနော်

moonloverster:
ရတယ်

me:
ဒါကို Horse-shoe Spread မြင်းခွာပုံဖြန့်ကျက်နည်းလို့ ခေါ်တယ်။

(၇) ချပ်ပါတယ်ဆိုတော့ ပိုအသေးစိတ်ပေါ့။

moonloverster:
ဟုတ်

me:
ခု ခင်ဗျားကို ဟောဖို့ ကုလားဖန်ထိုးနေတာ

moonloverster:
ဟုတ်ကဲ့

me:
တစ်ချပ် အောက်ကို ပြုတ်ကျသွားတယ်... Cloud ဆိုတဲ့ မိုးတိမ်ကတ်ဗျ


Cloud

အဲလို ပြုတ်ကျတဲ့ကတ်က အရေးတော့ သိပ်မပါပေမယ့်

နောက်ကွယ်ကအတွေးစတွေကိုတော့ နည်းနည်းလေး ဖြစ်စေတယ်

moonloverster:
အင်း

me:
သူက မြုပ်ကွက်သဘောပေါ့ဗျာ အဲဒါကို အတည်မယူပေမယ့် ကျုပ်တို့က ပစ်လည်း မထားဘူးဗျ

moonloverster:
ဟုတ်ကဲ့

me:
Cloud ဆိုတာ မိုးတိမ်ဗျာ

အဲဒီတော့ ဆိုလိုတာ တိမ်ထူနေတယ်လို့ပြောတာ၊ သိပ်မရှင်းဘူး၊ တခုခု ဖုံးကွယ်နေတယ်ဗျာ။

ဆိုလိုတာက အပိတ်အပင် အတားအဆီးသဘောမျိုးပဲ

moonloverster:
ဟုတ်ကဲ့

me:
ကဲ.... အခု အတည်ဆွဲတော့မယ်

moonloverster:
ဟုတ်

me:
ဒီလိုတွေ ကျတယ်ဗျ


Past = Fish

Present = Cross
Near future = Cross roads
Outcome = Lily
Surrounding = Star
Attitude = Bear
Answers = Book

moonloverster:
ဟုတ်ကဲ့

me:
၁) အတိတ်ကတ်က fish ဆိုတဲ့ ငါးကတ်ပြား... ငါးဆိုတာ လာဘ်ဗျ

moonloverster:
အော်

me:
ရွှေငါးကိုးကောင် လာဘ်ကိုဆောင်ဘာညာ ရှိတယ်လေ... တရုတ်တွေ အယူပါ

ဒီမှာလည်း အဲဒီသဘောပဲ... ငါးဆိုတာ ငွေကြေးလည်ပတ် စီးဆင်းမှုနဲ့ ဆိုင်တယ်

ဆိုလိုတာက အချစ်ကိစ္စနဲ့ပတ်သက်ပြီး အတိတ်မှာ ခင်ဗျား ငွေဝင်ဖူးခဲ့မယ်၊

ဒါမှမဟုတ် အလုပ်ကောင်းခဲ့မယ်

moonloverster:
အင်း

me:
နောက်တစ်ချက်က စီးပွားရေးနဲ့ အချစ်က သတ်သတ်စီလေ...

အချစ်က မျက်စိမှ မရှိဘဲ၊ စီးပွားရေးက မျက်စိဖွင့်ရတာ

moonloverster:
ဟုတ်တယ်

me:
ဒီတော့ အရင်က ရည်းစားမရှိတာလို့ ဆိုလိုတာလဲ ဖြစ်နိုင်တယ်...

အတိတ်မှာ အလုပ်ချည်း ဖိလုပ်နေလို့ ရည်းစားမရှိတာမျိုးလဲ ဖြစ်နိုင်တယ်။

၂) ပစ္စုပ္ပန်ကတ်က The Cross ဆိုတဲ့ လက်ဝါးကပ်တိုင်ဗျ... အဲဒီကတ်က ပူဆွေးမှု ၀မ်းနည်းမှု ကိုပြတာ

moonloverster:
အော်... မှန်ပါတယ်

me:
ခရစ်ယာန်ကျမ်းစာမှာ ခရစ်တော်က အဲဒီမှာ သတ်ခံရတာ... အဲဒီတော့ ဆင်းရဲဒုက္ခခံစားရမယ်

ခရစ်တော်တုန်းက သူ့ကို နားလည်တဲ့သူတွေ ရှိတယ်.... ချစ်ခင်တဲ့သူတွေ ရှိတယ်။

ခု ခင်ဗျားလည်း ဒီသဘောပဲ... ခင်ဗျား ခုလောလောဆယ် အချစ်အတွက် ပူဆွေးနေရတယ်

moonloverster:
အင်း

me:
၃) Near Future က Cross roads ဆိုတဲ့ လမ်းခွဆုံဗျ၊

လမ်းခွဆုံဆိုတော့ သိတဲ့အတိုင်းပဲလေ... ဘယ်သွားရမှန်းမသိ

moonloverster:
ဟုတ်ပ

me:
အဲဒီတော့ ခင်ဗျားသိပ်မကြာတော့တဲ့ အနာဂတ်မှာ...

ဘယ်သူ့ရွေးရမလဲ... ဘယ်သူ့ချစ်ရမလဲ တော်တော် ဝေခွဲရခက်မှာ...

ချစ်သူရွေးမယ် ချစ်ဝဲလယ်ပေါ့ဗျာ

moonloverster:
အင်း

me:
၎) ရလာဒ်ကတ်ပြားက Lily ဆိုတဲ့ပန်းကတ်

moonloverster:
ပြီးမှဘဲကျွန်တော့အကြောင်းပြောပြမယ်

me:
အဲဒါက ကောင်းတယ်လို့ ပြောရမယ်... ပန်းဆိုတာ လှပတင့်တယ်ခြင်း၊

ဒါပေမယ့် အရွယ်ဆိုတာ ရှိတယ်နော်... အချိန်တန်ရင် နွမ်းမှာ...

အကျိုးရလဒ်က ခင်ဗျားရည်းစားရပြီး တင့်တယ်သွားတာ ဖြစ်နိုင်သလို...

မရဘဲနဲ့ ပန်းကလေးလို မနွမ်းဘဲ ကျန်ခဲ့တာလဲ ဖြစ်နိုင်တယ်၊

ပြောသာပြောရတာ... အဖြေကလည်း ဒီ ၂မျိုးလောက်ပဲ ရှိတာကိုး

moonloverster:
မှန်ပါတယ်

me:
အဲဒီတော့ ဖြစ်နိုင်တာက ခင်ဗျား မရဖို့များတယ် (ရှေ့က ၃ ချပ်ဟောနဲ့ နည်းနဲ့ ပြန်တိုက်ကြည့်ရင်)

၅) ပတ်ဝန်းကျင်က... Star ဆိုတဲ့ ကြယ်ကတ်ပြား

ကြယ်ကတ်က ကောင်းတဲ့အဓိပ္ပာယ်... ဆိုလိုတာက ခင်ဗျားရဲ့ ပတ်ဝန်းကျင်မှာ...

ဆိုလိုတာက ပတ်ဝန်းကျင်က သိပ်လှနေတယ် ပြည့်စုံနေတယ်၊

မနာလိုလောက်အောင် ဖြစ်မယ်၊ ကောင်မလေးချောတွေ တွေ့နေရတယ်၊

သူများအတွဲတွေ တွေ့မယ်

moonloverster:
အင်း

me:
၆) သဘောထားအမြင်ကတော့... Bear ဆိုတဲ့ ၀က်ဝံကတ်ပြား

ဝက်ဝံဆိုတာမျိုးက ကိုယ်ထူကိုယ်ထ ကိုယ့်အစာကိုယ်ရှာစားလေ...

ဘယ်သူ့မှ မရှိလည်း ဖြစ်တယ်ဆိုတာမျိုး...

ဒီတော့ ခင်ဗျားက အတွေးထဲမှာ နည်းနည်း တစ်ကိုယ်ကောင်း ဆန်ချင်ဆန်မယ်။

moonloverster:
အော်

me:
ဒါမှမဟုတ် ကိုယ့်လောက် ဘယ်သူမှ အယုံအကြည်မရှိတာမျိုး၊

ကိုယ့်ဟာကိုယ်တိုက်မယ်လို့ ယူဆရတယ်

moonloverster:
အော်

me:
၇) နောက်ဆုံး Answer ကတ်က... Book ဆိုတဲ့ စာအုပ်ကျတာ

moonloverster:
ဟုတ်ကဲ့

me:
အဖြေကတော့ ခင်ဗျားက သိပ်ရွေးလွန်းတယ်... စာအုပ်ကြီးသမားလိုပေါ့...

နောက်တစ်ချက် အဲလို မယူစရင် ခင်ဗျားက သိပ်လျှို့ဝှက်ပြီး ရည်းစားစကား ပြောဖို့ တွန့်နေတဲ့သူမျိုး...

ရေခဲတုံးကြီးပေါ့

moonloverster:
ဟင်းဟင်း

me:
အားလုံး ၇ ကတ်ရှိတယ်... အဲဒီမှာ မိန်းမကိုယ်စားပြုကတ် ၁ ကတ်ပဲပါတယ်

moonloverster:
ဟုတ်ကဲ့

me:
၇ ပုံ ၁ ပုံဆိုတော့ သိပ်နည်းတယ် မိန်းမကျတဲ့ ကတ်က ခုနက Crossroad ဆိုတဲ့ ကတ်လေ...

အဲဒါက မိန်းမကို ကိုယ်စားပြုတာ

moonloverster:
ဟုတ်ကဲ့

me:
အဲဒီတော့ Near future မှာ ခင်ဗျား မိန်းမတွေ တွေ့မယ် ဒါပေမယ့် လမ်းခွဲတွေ ကြုံမယ်ဗျာ...

ဘာရွေးရမှန်းမသိ ဖြစ်မယ်။ ခြုံပြောရရင်တော့ သိပ်မရေရာသေးဘူး

moonloverster:
အင်း

me:
ဒီနေ့တစ်နေ့စာ conclusion လုပ်မယ် ဆိုရင်

ခင်ဗျား လောလောဆယ် ရည်းစားရှိကိန်း သိပ်မမြင်ဗျာ

moonloverster:
အင်း

ဆက်ရန်...

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး
Read more...

Wednesday, May 27, 2009

ကျွန်တော့်စာအုပ် လာပို့မပို့

| | 0 comments

`အစ်ကို... ကျွန်တော့်ကို တစ်ခုလောက်ကြည့်ပေးဗျာ´

`ဘာကြည့်ပေးရမှာလဲ ပြော...´

`ဒီလိုဗျာ... ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကို စာအုပ်ငှားထားတာ အဲဒီစာအုပ်ကို ဒီည ပြန်လိုချင်နေတာ... အဲဒါ သူကျွန်တော့်ဆီ ပြန်ယူလာမလား မယူလာဘူးလား သိချင်လို့...´

`မင်း သူငယ်ချင်းနေတဲ့နေရာက ဝေးလို့လားဗျ´

`အဲ... သိပ်မဝေးပါဘူး အစ်ကိုရာ... ဒါပေမယ့် အဲဒီသွားရင် သူ့အခန်းဖော်နဲ့တွေ့မှာ သူ့ကို ကျွန်တော်က တွေ့ချင်တာ မဟုတ်ဘူး... တော်တော့်ကို ကွိုင်ရှာတာ...´

`နေပါဦး... သူလာမပို့ဘူးဆိုရင် မင်းက ဘာလုပ်မှာလဲ´

`သူ့အခန်းသွားယူရတော့မှာပေါ့ အစ်ကိုရာ...´

`ဟာ... ဟေ့ကောင်... မင်းကွာ... မင်းဟာမင်း သွားယူရင်ရရဲ့သားကို ငါ့လာပြဿနာလုပ်နေတယ်´

`မဟုတ်ဘူးလေ အစ်ကိုရ... အစ်ကိုက တွက်ကြည့်လို့မှ လာမပေးဘူးဆိုရင် ကျွန်တော်က သွားရမှာ... လာပေးမယ်ဆိုရင် ကျွန်တော်က သွားစရာ မလိုတော့ဘူး...´

`ဟာ... ဟေ့ကောင်... မင်းဟာက မဟုတ်သေးပါဘူးကွာ၊ တော်ပြီ တွက်မပေးဘူး´

`အစ်ကိုကလည်းဗျာ... အချင်းချင်းတွေ သိပ်ဈေးကိုင်တာပဲ´

`တော်တော်... မင်းဟာမင်းသွားယူစမ်းကွာ... ရှင်းနေတာကို တော်တော်ရှုပ်အောင် လုပ်ချင်တဲ့ကောင်...´


အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး
Read more...

Tuesday, May 26, 2009

အခန်းကိစ္စ

| | 0 comments

ကျတော်အခု တက်တဲ့ကျောင်းမှာ ငှာနကထောက်ပံ့တဲ့ အဆောင်တစ်ခုမှာ နေရပါတယ်။ စာသင်နှစ် တစ်ခုကုန်တိုင်း အခန်းပြောင်းနေရပါတယ်။ အခုအဲဒီအဆောင်မှာ ငှာနက ထောက်ခံစာမပို့လို့ အဆောင်က ဆက်မထားချင်ဘူး ဖြစ်နေပါတယ်။ အခန်းပြောင်းရတော့လည်း ဒီပြင့်လူတွေနဲ့ မျှနေရပါတယ်။ ငှာနကို သွားပြောတော့ ကျတော်နေဖို့ သက်တမ်းစေ့သွားပြီလို့ ပြောပါတယ်။ ဒါပေမယ့် အတတ်နိုင်ဆုံး ကူညီပေးမယ်လို့ပြောပါတယ်။ အဲဒါ ဘယ်လို ဖြစ်မလဲဆိုတာ အရမ်းသိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ခင်မင်လေးစားစွာဖြင့်
ကိုရဲလေး

ကိုရဲလေးရဲ့ မေးခွန်းက နည်းနည်းရှုပ်နေတော့ နားလည်သလိုပဲ နားလည်ပြီး ဖြေရှင်းပေးပါမယ်။ အဲဒီအတွက် သုံးကတ်ဆွဲနည်းနဲ့ပဲ လီနော်မန်ကတ်ပြားသုံးကတ်ကို ဆွဲကြည့်လိုက်ပါတယ်။ ကံကြမ္မာက ပေးလာတဲ့ ကတ်ပြားသုံးချပ်ကတော့ အောက်ကအတိုင်းပါ။


Birds + Cross + Clover


ကတ်ပြားတစ်ချပ်ခြင်းရဲ့ အဟောတွေကို ကောက်ကြည့်မယ်ဆိုရင် Birds ဆိုတဲ့ ငှက်ကတ်ပြားက ယာယီ အခက်အခဲ၊ စိတ်လှုပ်ရှားခြင်း၊ အပြောင်းအလွဲရှိခြင်း ခရီးတိုရှိခြင်း တို့ကို ပြဆိုတာပါ။ Cross ဆိုတဲ့ လက်ဝါးကပ်တိုင် ကတ်ပြားက ရှောင်လွှဲရခက်တဲ့ ကံကြမ္မာ၊ ခက်ခဲပင်ပန်းခြင်း၊ စစ်ဆေးမေးမြန်း ခံရခြင်း စမ်းသပ်ခံရခြင်း စတာတွေနဲ့ ပတ်သက်ပါတယ်။ အဲဒီကတ်ပြားဟာ လမ်းစပျောက်ပြီး စလုံးရေပြန်စရမယ် ဆိုတာကိုလည်း ပြဆိုပါတယ်။ စိတ်ရှည်စွာစောင့်စားရမှာဖြစ်ပြီး ဒုက္ခတွေက သင့်ကို သင်ကြားသွားမယ် လို့လည်း ယူဆရပါတယ်။ နောက်ဆုံး The Clover ဆိုတဲ့ ဆေးပင်ကတော့ ကောင်းတဲ့ကတ်ပြားပါ။ အခွင့်အလမ်းတွေ ကောင်းတဲ့ကံတွေ ရရှိလာနိုင်ပါတယ်။

အတွဲကတ်အနေနဲ့ ကြည့်ရရင် The Cross ဆိုတဲ့ကတ်ဟာ Master Card လို့တင်စားရမယ့် ကတ်တစ်ခု ဖြစ်ပါတယ်။ ဒီပြင့်ကတ်တွေရဲ့လွှမ်းမိုးမှုအစား အခြားကတ်တွေအပေါ် သူ့ရဲ့ လွှမ်းမိုးမှုက ပိုသက်ရောက်ပါတယ်။ အခု ဖြန့်ကျက်မှုမှာ The Cross ကတ်ပြားက The Clover ရဲ့ ရှေ့ကလာတဲ့အတွက် သူရဲ့ လွှမ်းမိုးမှုဟာ Clover ရဲ့ ကောင်းတဲ့ကံကို ပိုပြီးတိုးမြှင့်ပေးမယ် (သို့မဟုတ်) အဲဒီ ဆိုးတဲ့ ကိစ္စဟာ အတွေးထဲမှာတင်ပဲ ပျောက်ပျက်သွားနိုင်ပါတယ်လို့ ပြောပါရစေ။ The Birds ကတ်ရဲ့ နောက်ကလာတဲ့အတွက် အဲဒီကတ်ရဲ့ အကျိုးသက်ရောက်မှုကိုတော့ လျော့နည်းစေမှာဖြစ်လို့ ယာယီ ပြောင်းရွေ့ရခြင်းစတာတွေကို မဖြစ်နိုင်ဘူးလို့ ယူဆရပါတယ်။

အနှစ်ချုပ်ဆိုရရင် ကိုရဲလေးဟာ အခန်းကိစ္စနဲ့ ပတ်သက်ပြီး လောလောဆယ် စိတ်ညစ်နေရပြီး စစ်ဆေးမေးမြန်းခံရတာကို ဖြေရှင်းနေရတာတွေနဲ့ ကြုံရပါမယ်။ ဒါပေမယ့် လောလောဆယ် (ခုလတ်တလော) မှာ အခန်းပြောင်းရဖို့ မရှိနိုင်ဘူးလို့ ပြောပါရစေ။ ဒါပေမယ့် စိတ်ရှည်ရှည်နဲ့ သည်းညည်းခံ စောင့်ဆိုင်းရမှာဖြစ်ပြီး ကောင်းတဲ့သတင်းတွေ၊ အခွင့်အလမ်းတွေ မကြာမီ ဖြစ်လာမယ်လို့ ပြောပါရစေ။

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး
Read more...

Monday, May 25, 2009

သူငယ်ချင်းတစ်ယောက်နဲ့ စကားများမလို ဖြစ်နေတာ

| | 0 comments

ကျနော် သူငယ်ချင်းတစ်ယောက်နဲ့ စကားများမလိုဖြစ်နေတယ်။ သူကကျနော့်ကို တွေ့ရင်ရှင်းမယ်ဆိုပြီး ဒီပြင့်သူငယ်ချင်းတစ်ယောက်က တဆင့်ပြောတာကို ကြားရတယ်။ သူနဲ့ ဖုန်းပြောတဲ့အခါမှာလည်း တောတော်ဒေါသထွက်နေတာကို တွေ့ရပါတယ်။ အဲဒါ သူနဲ့ သွားမတွေ့ရဲဘူးဖြစ်နေတယ်။ ဒါပေမယ့်လည်း သွားတွေ့ရမှာဖြစ်နေပြန်တယ်။ ဒါကြောင့် သွားတွေ့ရင် ဘယ်လိုမျိုး ဆက်ဖြစ်မလဲ ဆိုတာ သိချင်ပါတယ်။

လေးစားစွာဖြင့်
ကိုအောင်သိန်း

မတွေ့ရဲတဲ့သူကို သွားတွေ့ရမယ့် ကိုအောင်သိန်းရဲ့ အဖြစ်က လမိုက်ညမှာ သင်္ချိုင်းနား ဖြတ်လျှောက်ရသလိုပဲ နေမှာနော်... အဲဒီတော့ အဲလို `သွားတွေ့ရင် ဘယ်လိုမျိုးဖြစ်မလဲ´ ဆိုတဲ့ ကိုအောင်သိန်းရဲ့ အမေးကိုဖြေဖို့ လီနော်မန်ကတ်ပြား သုံးကတ်ကို ဆွဲထုတ်ကြည့်လိုက်ပါတယ်။ အောက်ကအတိုင်း ကျလာပါတယ်။


Fox + Child + Scythe


အကြမ်းအားဖြင့် တစ်ချပ်ခြင်း အဓိပ္ပာယ်ကောက်ယူရရင်ဖြင့် Fox ဆိုတဲ့ မြေခွေးကတ်ပြားဟာ လိမ်လည်မှု၊ လှည့်ဖြားမှု၊ လျှို့ဝှက်ကြံစည်မှု စတာတွေနဲ့ သက်ဆိုင်ပါတယ်။ ဒီ မြေခွေးကတ်ဟာ မကောင်းတဲ့ အဓိပ္ပာယ်များပေမယ့် အကောင်းဘက်ကတွေးရင်တော့ အကြံကောင်းတွေကို ရုတ်ချည်း ရိပ်မိသွားတာကိုလည်း ပြဆိုပါတယ်။ Child ဆိုတဲ့ ကလေးမလေး ကတ်ပြားကတော့ မရင့်ကျက်မှု၊ အစပျိုးမှု၊ အံ့သြစရာ၊ အမျိုးသမီးပြိုင်ဘက် စတာတွေနဲ့ အဓိက သက်ဆိုင်နေပါတယ်။ Scythe ဆိုတဲ့ တံစဉ်ကတ်ပြားကတော့ အန္တရာယ်ရှိခြင်း၊ ပြတ်စဲခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း စတာတွေနဲ့ သက်ဆိုင်ပါတယ်။ ဒီကတ်ကျတဲ့အခါ စိုးရိမ်ရသဖြင့် မိမိအိမ်မှာပဲနေထိုင်တာ အကောင်းဆုံးဖြစ်ပါတယ်လို့ အကြံပေးပါရစေ။

ကတ်ပြားတွေကို အတွဲကောက်ရရင်တော့ မြေခွေး+ ကလေး အတွဲဟာ လိမ်လည်လှည့်ဖြားမှုတစ်ခု အစပျိုးလာတယ်လို့ ပြောလို့ရနိုင်သလို အဲဒီကိစ္စဟာ ကိုအောင်သိန်းထက် အသက်ငယ်တဲ့ အမျိုးသမီး ပြိုင်ဘက်တစ်ယောက်နဲ့ ပတ်သက်နေတယ်လို့လည်း ပြောလို့ရနိုင်ပါတယ်။ ကတ်ပြားထဲက ပုံတွေအရ ကလေးမလေးက ထွက်သွားတဲ့ မြေခွေးနောက်ကို လိုက်ပြီး ပန်းစည်းပေးနေတဲ့အတွက် အမျိုးသမီးတစ်ဦး လိမ်လည်မှုနောက်ကို လိုက်အဖြေရှာနေတယ်လို့လည်း ကောက်ချက်ယူနိုင်ပါတယ်။ နောက်ပြီးတော့ တစ်ခုပြဆိုတာက ခင်ဗျားတို့တွေဟာ တစ်ယောက်နဲ့တစ်ယောက် အလွန်ပဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေကြတယ်။ မိသားစုကို ပိုဦးစားပေးနေတယ် ဆိုတာမျိုး ပြတတ်တယ်။ ကလေးကတ်ပြားနဲ့ တံစဉ်ကတ်ပြား အတွဲက ပြဆိုတာကတော့ ခွဲခွာပြတ်စဲမှု တစ်ခုစတင်ဖြစ်လာနိုင်သလို အဲဒီလို ပြတ်တောက်သွားမှုဟာ သိပ်မပြင်းထန်ပဲ အသေးအမွှားလောက်ပဲ ဖြစ်လိမ့်မယ်လို့လည်း ဆိုလိုတာပါ။ ဒီပုံအရ ကလေးမလေးက တံစဉ်ကို ကျောခိုင်းနေတဲ့အတွက် ပြင်းပြင်းထန်ထန် အငြင်းပွား ပြတ်တောက်မှုအထိတော့ သူမက ဖြစ်စေမှာ မဟုတ်ဘူးလို့ ယူဆရပါတယ်။

ဒီတော့ ကိုအောင်သိန်းရဲ့ မေးခွန်းကို အနှစ်ချုပ်ပြန်ဖြေရရင်တော့ ကိုအောင်သိန်း စကားများမလို ဖြစ်တာဟာ လိမ်လည်မှုကြောင့်ဖြစ်ပြီး အမျိုးသမီးတစ်ယောက်နဲ့ ပတ်သက်နေပါတယ်။ ပြီးတော့ တွေ့ဆုံရတဲ့အခါ ထိခိုက်အန္တရာယ် ရရှိနိုင်ပါတယ်။ တတ်နိုင်ရင်တော့ အဲဒီလူနဲ့ မတွေ့ပါနဲ့ လို့ အကြံပေးချင်ပါတယ်။ ဒါပေမယ့် မတတ်သာလို့ တွေ့ဆုံဖြစ်ခဲ့ရင် အစွန်းရောက်တဲ့ စကားတွေ ရန်ဖြစ်စေမယ့် စကားတွေကို ရှောင်ပါ။ မျှမျှတတ ပြောဆိုဆက်ဆံမယ်ဆိုရင် လုံးဝ ပြတ်စဲမုန်းတီးသွားတဲ့အထိ ရောက်မသွားနိုင်ဘူးလို့ ထင်ပါတယ်။

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်...
အုပ်စိုး

++++++++++++

ကိုအောင်သိန်းရှင့်...
တားရော့နဲ့ ကို အောင်သိန်းရဲ့ အခြေအနေကို အလတ်တလောကြည့်မယ်ဆိုရင်...


7 of Swords + 10 of Wands + 6 of Cups

ပထမ ကဒ်ကတော့ .. 7 of Swords - ရှေ့ တမျိုးနောက်တမျိုးနဲ့ .. မျက်နှာ နှစ်မျိုးရှိသူ လို့ ယေဘုယျ ယူဆပါတယ်. အဲ့ဒီတော့ .. ကိုအောင်သိန်းရဲ့ သူငယ်ချင်းက .. ကိုအောင်သိန်းကို ရှေ့ တမျိုးနောက်တမျိုး ဆက်ဆံတတ်သူလို့ မြင်နေပါတယ်.

နောက်က လိုက်လာတဲ့ ဒုတိယ ကဒ်ကတော့... 10 of Wands ဖြစ်ပါတယ်။ တာဝန်တွေ မနိုင်မနင်းနဲ့ အလုပ်ရှုပ်ရပါလိမ့်မယ်... သူများကို အခမဲ့ကူညီသလိုမျိုး Volunteer အလုပ်မျိုးဖြစ်နိုင်ပါမယ်။ ကိုအောင်သိန်း မေးတဲ့အကြောင်းအရာနဲ့ ပတ်သတ်ပြီးဟောရရင် အဲ့ဒီသူငယ်ချင်း ကိစ္စနဲ့ တော်တော် အလုပ်များရပါလိမ့်မယ်။

နောက်ဆုံးကဒ် 6 of Cups ကတော့ .. ကိုအောင်သိန်းအတွက် lucky card လို့ ပြောရ ပါမယ်. သူငယ်ချင်းနဲ့ တွေ့ပြီး ပျော်ရွင်ကြည်နူးခြင်း အကူအညီရခြင်း ကိုဖော်ပြပါတယ်။

ခြုံငုံပြီး အဖြေထုတ်ရရင်တော့ ... အခုလောလောဆယ်တော့ ရှေ့ တမျိုးနောက်တမျိုး ဆက်ဆံတတ်သူလို့ ထင်နေပေမယ့်.. နောက်တော့ သူ့ ကိစ္စနဲ့ ခင်များအလုပ်များရပါမယ်.. နောက်ဆုံးမှာတော့ ပျော်ရွင်ခြင်း အကူအညီရခြင်းတွေ ခင်များခံစားရပါလိမ့်မယ်။ မပူပါနဲ့ .. အဆင်ပြေပါလိမ့်မယ်။

မေတ္တာဖြင့်...
မိုးသူ
Read more...

မေးခွန်းကဏ္ဍ

| | 20 comments


မိမိတို့သိလိုသော မေးခွန်းများကို ဤကဏ္ဍအောက် Comment Section တွင် မေးမြန်းသွားနိုင်ပါသည်။ မေးခွန်းမေးရာ၌ အောက်တွင် နမူနာ ပြထားသော နည်းလမ်းများထဲမှ ကြိုက်နှစ်သက်သလို (သို့မဟုတ်) သင့်စိတ်ကြိုက် ရှင်းလင်းစွာ မေးမြန်းသွားနိုင်ပါသည်။

၁) ယေဘုယျ မေးခွန်း - အချစ်ရေးသိချင်ပါသည်။ အလုပ်ကိစ္စပြောပြပါ။
၂) `လား´မေးခွန်း - သူက ပြန်ချစ်မှာလား။ အလုပ်အဆင်ပြေပါ့မလား။
၃) `လဲ´ မေးခွန်း - ဘယ်လိုလူမျိုးနဲ့ အိမ်ထောင်ကျမှာလဲ၊

မေးမြန်းသောအခါ၌လည်း အထက်ပါကဲ့သို့ အကြောင်းအရာ ကျယ်ပြန့်သော မေးခွန်းများအပြင် တစ်သီးပုဂ္ဂလ ဆန်သော မေးခွန်းများကိုလည်း မေးမြန်းနိုင်ပါသည်။ သို့အတွက် နောက်ခံသမိုင်းနှင့် ဖြစ်ပျက်ခဲ့ပုံတို့ကို တစ်ပါတည်း ပြောပြပေးနိုင်လျှင် ကျွန်ုပ်တို့ ဖြေဆိုကောက်ချက်ချရာ၌ ပိုမိုအဆင်ပြေ ထိရောက်နိုင်ပါသဖြင့် အစဉ်ပြေလျှင် ဖြစ်ပျက်ပုံအကျဉ်းကိုပါ တစ်ပါတည်း ပြောပြပေးရန် တောင်းဆိုအပ်ပါသည်။

မေးခွန်းများကို မေးမြန်းပြီးပါက တစ်ရက် နှစ်ရက်အတွင်း ကျွန်ုပ်တို့ အားလပ်ချိန်များ၌ ပြန်လည် ဖြေကြားသွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Mail မှတဆင့် မေးမြန်းလိုသူများသည်...

mmtarotlenormand@gmail.com

oaksoe.mmtl@gmail.com

moethu.mmtl@gmail.com

စသည်တို့ထံ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အခြေအနေအရပ်ရပ်ကြောင့် အမည်မဖော်ပြလိုပါက `အမည်မဖော်လိုပါ´ ဟု တစ်ပါတည်း ရေးသားမေးမြန်းနိုင်ပါသည်။

သင့်ဘက်မှ ကျွန်ုပ်တို့အား ပြန်လည်ကူညီသောအားဖြင့် မိမိတို့၏ ကံကြမ္မာများကို သိရှိပြီးဖြစ်ပါက လက်တွေ့အခြေအနေနှင့် တိုက်ဆိုင်စစ်ဆေးပြီး ထူးခြားသည်များ၊ မှန်ကန်ဖြစ်ပျက်ခဲ့သည်များ၊ ကွဲလွဲကွာခြားသည်များ မမှန်ကန်သည်များ စသည်တို့ကို သက်ဆိုင်ရာပို့စ်များတွင် Comment များလာရောက် ပြန်လည်ဖြေကြားခြင်းဖြင့် ကျေးဇူးပြုကြပါရန် တောင်းဆိုအပ်ပါသည်။

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
စီစဉ်သူများ
Read more...

Saturday, May 23, 2009

မိတ်ဆက်ခြင်း

| | 0 comments


မင်္ဂလာပါ။ ကျွန်ုပ်တို့သည် ဗေဒင်နှင့် ကံကြမ္မာဖတ်ခြင်းကို ၀ါသနာ ပါသူများ ဖြစ်ပါသည်။ ထို့အတူ ကျွန်ုပ်တို့ လေ့လာသိရှိသမျှ တတ်ကျွမ်းသမျှ ပညာတို့ကို မျှဝေအသုံးချပြီး စေတနာ ရှေ့ထားကာ တားရော့ (Tarot) နှင့် လီနောမန် (Lenormand) ကံကြမ္မာ ဟောကတ်ပြားများဖြင့် ရှေ့ဖြစ်ဟောခြင်း၊ အကြံပေးခြင်းတို့ကို ဆောင်ရွက် ပေးသွားမည် ဖြစ်ပါသည်။ စိတ်ပါဝင်စားသူများ အနေဖြင့် မေးခွန်းကဏ္ဍ Comment Section တွင် မေးခွန်းများ လာရောက်တောင်းဆို မေးမြန်းနိုင်ကြောင်း သိစေအပ်ပါသည်။

သို့မဟုတ် Mail မှတဆင့် မေးမြန်းလိုသူများသည် mmtarotlenormand@gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး အမည်မဖော်ပြလိုပါက `အမည်မဖော်လိုပါ´ ဟု တစ်ပါတည်း ရေးသားမေးမြန်းနိုင်ပါသည်။

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
စီစဉ် ဖန်တီးသူများ
Read more...