Wednesday, November 18, 2009

ဖဲဗေဒင် အကြောင်း သိကောင်းစရာ (၂)

| | 0 comments


(Source: http://www.amazon.co.uk/Fortune-Telling-Playing-Cards-Cartomancy/dp/0850302668)

အရင်တစ်ခေါက်က သာမန်ဖဲထုပ် တစ်ထုပ်ရဲ့ ထူးခြားချက်တွေကို ပြောခဲ့ပါတယ်။ အဲဒီ ထူးခြားချက်တွေ အနည်းငယ်ကို ထပ်မံ ဖြည့်စွက်ပြောချင်ပါတယ်။

သာမန်ဖဲထုပ်ထဲကနေ ဂျက်၊ ကွင်း၊ ကင်း တွေကို ဖယ်လိုက်ရင်... ၁ ကနေ ၁၀ အထိ ကျန်ပါမယ်။ အပွင့် ၄ မျိုး (စပိတ်၊ ဟတ်၊ ဒိုင်းမွန်း၊ ကလပ်) စတာတွေပါရင် စုစုပေါင်း အချပ် ၄၀ ရှိပါမယ်။ အဲဒီက နံပါတ်တွေ အကုန်ကို ပေါင်းကြည့်ရင်ဖြင့် စုစုပေါင်း ၂၂၀ (၅၅ x ၄) ရတာကို တွေ့ရပါလိမ့်မယ်။ အဲဒီတော့... သာမန် ရက်ထပ်နှစ် မဟုတ်တဲ့ နှစ်တစ်နှစ်ကို ဇန်န၀ါရီ ၁ ရက်က စရေတွက်လိုက်ရင်ဖြင့် ၂၂၀ မြောက် ရက်ဟာ သြဂုတ် ၈ ရက် (၈ လ၊ ၈ ရက်) ဖြစ်တာကို တွေ့ရပါလိမ့်မယ်။ (Source: http://en.wikipedia.org/wiki/August_8)


(Source: http://www.biblewheel.com/wheel/Spokes/Spoke08_500t.gif)

ဗုဒ္ဓဘာသာရဲ့ ကျင့်စဉ်အနေနဲ့ မဂ္ဂင်ရှစ်ပါးကို တွေ့ရှိနိုင်ပါတယ်။ အခြားသော ဘာသာတွေမှာလည်း ၈ ဂဏန်းကို ထူးခြားသော ဂဏန်းအဖြစ် သတ်မှတ်ထားတာကို တွေ့နိုင်ပါတယ်။ ဒါကတော့ သာမန်ဖဲထုပ် တစ်ထုပ်နဲ့ ၈ ဂဏန်းရဲ့ ဆက်စပ်မှုပါပဲ။ ၈ ဂဏန်းရဲ့ အခြားသော ထူးခြားချက်တွေကို စိတ်ဝင်စားရင် တော့ဖြင့် ဒီလင့်ခ်တွေမှာ ဖတ်ရှုနိုင်ပါတယ်။

http://en.wikipedia.org/wiki/8_(number)
http://www.biblewheel.com/wheel/Spokes/Chet_Eight.asp
http://www.onlinechineseastrology.com/content-detail.aspx?ID=108
http://www.sanatansociety.org/vedic_astrology_and_numerology/indian_numerology_8.htm

ပြီးခဲ့တဲ့ အခေါက်က ဖဲဗေဒင်ကို လေ့လာရာမှာလိုအပ်တဲ့ အဆင့် ၃ဆင့်ကို ပြောပြခဲ့ပါတယ်။ ဒါ့အပြင် အလွယ်မှတ်နည်းအနေနဲ့ `အပျင်းစွဲတဲ့ ဖဲချပ်ကဗျာ´ ဆိုတာကိုလည်း ပြောပြခဲ့ပါတယ်။ ဒီတစ်ခေါက် မှာတော့ အဲဒီ အဆင့် ၃ ဆင့်ထဲက ပထမအဆင့် (အနီ အနက်) နဲ့ ဒုတိယ အဆင့် (စပိတ်၊ ဟတ်၊ ဒိုင်းမွန်း၊ ညှင်း) စတာတွေရဲ့ ပေါင်းစပ်ခြင်းကို အသေးစိတ် လေ့လာကြည့်ကြရအောင်။


ဖဲချပ်တွေဟာ လူတွေလိုပါပဲ။ လူတစ်ယောက်ဆီမှာ ထူးခြားချက်၊ ဂုဏ်ဒြပ် တစ်ခုစီ ရှိကြသလို ဖဲတစ်ချပ်ခြင်းမှာ ရှိတဲ့ ဖွင့်ဆိုချက်တွေက မတူကြပါဘူး။ လူ နှစ်ယောက် တွေ့ကြုံ ဆက်ဆံတဲ့အခါ တစ်ဘက်ကလူနဲ့ လိုက်ပြီး ကိုယ်က ကောင်းလို့ တစ်ဘက်က ဆိုးသည့်တိုင် လူမှုဆက်ဆံရေးအရ ခွင့်လွှတ်လိုက်ရတာတွေ၊ နားလည် လက်ခံပေးလိုက်ရတာ မျိုးတွေ ရှိတတ်ပါတယ်။ အဲလိုပါပဲ... ဖဲချပ်တွေ ၂ ချပ် ၃ ချပ် စသည်ဖြင့် ပေါင်းစည်းတဲ့အခါ မူလ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ အပြင် သူနဲ့ နီးစပ်ရာ ကတ်တွေရဲ့ အနေအထားကို လိုက်ပြီး အဓိပ္ပာယ် ပြောင်းလဲ (သို့) ပေါင်းစပ် ဖွင့်ဆို ပေးရတဲ့ အခါတွေ ရှိပါတယ်။

ဒီတော့ ဖဲချပ်တွေကို ပေါင်းစပ်လေ့လာမယ့်အခါဆိုရင် အခြေခံအကျဆုံးဖြစ်တဲ့ အပြင် ရှေး ဂျစ်ပဆီနဲ့ သိုးဆောင်းလူမျိုးတွေ အသုံးပြုလေ့ရှိတဲ့ ၃ ချပ် တွဲနည်းကို လေ့လာခြင်းက အဆင်အပြေဆုံး ဖြစ်ပါတယ်။

ပထမအဆင့် ဥပဒေသအပေါ် အသေးစိတ် လေ့လာခြင်း

ဒီတော့ ဖဲထုပ်ထဲကနေ ကြိုက်တဲ့ ကတ်ပြား ၃ ချပ်ကို လက်တန်းဆွဲထုတ်ပြီး စားပွဲပေါ်ကို ချလိုက်ပါစို့... ပထမဆုံး ကတ်ကို ဘယ်ဘက်အစွန်မှာ၊ ဒုတိယကတ်ကို အလယ်မှာ၊ တတိယကတ်ကတော့ ညာအစွန်မှာပေါ့။ အဲဒီအခါမှာ သင်တွေ့ရမှာက အနီနဲ့ အနက်ရောင် ကတ်ပြားတွေရဲ့ ကျရောက်မှုပေါ့... ကျောင်းတုန်းက သင်္ချာကို သင်မမေ့သေးဘူးဆိုရင် ကတ်ပြား ၃ ချပ်နဲ့အတူ အနီနဲ့ အနက်ကျရောက်မှုအရ စုစုပေါင်း ဖြစ်နိုင်ချေ ၈ ခု ရှိတာကို သင်တွေ့ပါလိမ့်မယ်။ အဲဒီ ပထမအဆင့် ဖြစ်နိုင်ချေ ၈ မျိုးကို အောက်မှာ ခင်းကျင်းပြထားပါတယ်။ `ပထမဆုံး မှတ်ထားပါ... အနီကောင်းလို့ အနက်ဆိုးတာ´ ဆိုပြီး ပထမ အဆင့်အတွက် ဆိုခဲ့တဲ့ ကဗျာပိုဒ်လေးကို ဒီနေရာမှာ ပြန်သတိရရင်တော့ သုံးချပ်တွဲ အဓိပ္ပာယ်တွေက သင့်အတွက် ခက်ခဲမှာ မဟုတ်ပါဘူး။


နီ - နက် - နက်
အစပိုင်း မဆိုးသော်လည်း တဖြည်းဖြည်း အဆိုးဘက်သို့ ပြောင်းလာခြင်း

နက် - နက် - နီ
အမှောင်ထဲမှ ထွက်ပေါ်လာသော အလင်းစလေး တစ်စ

နီ - နီ - နက်
ရှေ့လက်တစ်ကမ်းမှာ ပြဿနာကြုံဖို့ ရှိခြင်း

နက် - နီ - နီ
ပြဿနာပြေလည်သွားပြီး အခြေအနေတွေ တိုးတက်လာခြင်း

နီ - နက် - နီ
ပြဿနာနှင့် နှောင့်နှေးမှု အနည်းငယ် ရှိသော်လည်း ပြေလည်သွားခြင်း

နက် - နီ - နက်
ယာယီ သွေးအေးခြင်း၊ ငြိမ်းချမ်းခြင်းမှာ အပေါ်ယံသာဖြစ်ပြီး သတိပြုရမည့် အခြေအနေ ဖြစ်ခြင်း

နီ - နီ - နီ
အရာအားလုံး အဆင်ပြေချောမွေ့နေခြင်း

နက် - နက် - နက်
ပြဿနာနှင့် အခက်အခဲများ ပြည့်နေခြင်း

တစ်ချပ်တည်း ရပ်တည်နေတဲ့ ဖဲချပ်တစ်ချပ်ဟာ အထီးကျန်ဆန်နေတဲ့ လူတစ်ယောက်လိုပါပဲ။ လှုပ်ရှားမှုမဲ့ အသက်မဲ့နေမှာ အသေအချာပါပဲ။ ဒါကြောင့် ဖဲဗေဒင်ကို လေ့လာမယ်ဆိုရင် တွဲဖက်အဟောတွေကို မေ့ထားလို့ မရပါဘူး။ အဲဒါကို အမြဲတမ်း သတိထားပြီး ဖဲချပ်တွေရဲ့ ပေါင်းစပ်မှုကို လေ့လာကြမယ် ဆိုရင်ဖြင့် ဖဲဗေဒင်ကို အလွယ်တကူ တတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။

ဒုတိယအဆင့် ဥပဒေသအပေါ် အသေးစိတ် လေ့လာခြင်း

ဒုတိယအဆင့်ကတော့ အပွင့် (Suit) တစ်ခုချင်းဆီကို အသေးစိတ် လေ့လာခြင်း ဖြစ်ပါတယ်။ ဒါဟာ ပထမဆင့်ပေါ်မှာ ထပ်လောင်းပြီး အဓိပ္ပာယ် ပိုမိုရှာဖွေလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ဖြစ်နိုင်ချေ ပေါင်းစပ်မှုတွေ အများကြီး ရှိပေမယ့် အကုန်လုံးကို မလေ့လာတော့ပါဘူး။ နမူနာ ဥပမာ အနည်းငယ်ကိုသာ လေ့လာပါမယ်။ ကျန်တာကိုတော့ သင့်ရဲ့ အားထုတ်ပျော်ဝင်မှုနဲ့ အတူ ယခင်အခေါက်က ပြောပြခဲ့တဲ့ ကဗျာလေးနဲ့အတူ ပေါင်းစပ်လေ့လာရင်ဖြင့် အလွယ်တကူ တတ်မြောက်ပါလိမ့်မယ်။

ဒီနေရာမှ တစ်ခု ဖြည့်ပြောချင်တာကတော့ ကတ်ပြားသုံးချပ်ကို ဘယ်မှညာ အဓိပ္ပာယ်ကောက်ယူတဲ့အခါ ပထမဆုံးကတ်ရဲ့ အပွင့်က သင် ဘယ်ကိုရောက်နေခဲ့လဲ ဆိုတာကို ပြဆိုပြီး... ဒုတိယကတ်ကတော့ သင်ယခု ရှိနေတဲ့ နေရာကို ပြဆိုတာပါ။ တတိယကတ်ရဲ့ အပွင့်ပုံစံကတော့ ရှေ့က ကတ် နှစ်ခုရဲ့ အကျိုးဆက်ကြောင့် သင် ဘယ်ကို ရောက်မယ်ဆိုတာကို ပြဆိုတာပါ။ ဒါ့အပြင် တတိယကတ်ဟာ အရေးအပါဆုံးဖြစ်တာကြောင့် အလေးအနက်ထားပြီး လေ့လာသင့်ပါတယ်။


(Source: http://www.rajunasrefuge.com/spread1.jpg)


ပထမဆုံးအနေနဲ့ ပြဿနာကို ကိုယ်စားပြုတဲ့ စပိတ်ကတ်ပြားတွေ ထိပ်ပိတ်မှာ ရှိနေခြင်းရဲ့ ပေါင်းစပ်မှုကို လေ့လာကြည့်ရအောင်...

: နှလုံးသားရေး ပြဿနာ

: ငွေကြေးပြဿနာ

♠ ♣ ♠: ရည်မှန်းချက် ပြဿနာ၊ လှုပ်ရှားရန် နှေးဖင့်ခြင်း၊ စိတ်မွန်းကြပ်ခြင်း

♠ ♠ ♠: ပြဿနာ၊ ပြဿနာပေါင်း သောင်းခြောက်ထောင်

ထိပ်ဆုံး ဥပမာ ၂ ခုက ပထမအဆင့် ဖွင့်ဆိုချက်ထဲက... နက် - နီ - နက် ပုံစံဖြစ်တဲ့အတွက် ဘာကို ပြဆိုသလဲဆိုရင်... နှလုံးသားနဲ့ ငွေကြေး ပြဿနာကို ပြဆိုပြီး ခု လောလောဆယ်မှာ ပြဿနာတွေ သွေးအေးနေပြီး ယာယီ ငြိမ်းချမ်းနေတာကို ပြဆိုတာပါ။ ဒီအချိန်မှာ ပြဿနာတွေ ပြီးသွားပြီလို့ ယူဆလို့ မရပါဘူး၊ ခဏတဖြုတ် ရပ်တန့်နေတာလို့ပဲ ပြောရပါလိမ့်မယ်။

နောက်ထပ် ဥပမာ ၂ ခုကတော့ နက် - နက် - နက် ပုံစံဖြစ်တဲ့အတွက်... ပြဿနာတွေ စိတ်ညစ်မှုတွေ တောက်လျှောက်ဖြစ်နေတာကို ပြဆိုပါတယ်။ အလယ်မှာ ညှင်း ပုံစံရှိတဲ့ အတွဲကလည်း ပြဿနာတွေက ဝေးကွာနေတယ်လို့ မယူဆနိုင်ပါဘူး။ အလုပ်အကိုင် အကြံစည်ကို ပြဆိုတဲ့ ညှင်းကတ်ပြားက ကံကြမ္မာ မေးသူအတွက် နောက်ထပ် ပြဿနာတွေ မလာခင် ပိုပြီး အင်အားစိုက်ထုတ် လုပ်ကိုင်ရမှာကို ပြဆိုနေတာပါ။

စပိတ်ကို ထိပ်ပိတ်အနေနဲ့ ထားတဲ့ ဥပမာကို သဘောပေါက်ရင် အခြားသော အပွင့်တွေကို ထိပ်ပိတ်အနေနဲ့ ထားတာကို အလွယ်တကူ သဘောပေါက်ပါလိမ့်မယ်။ အဲဒီအခါမှာလည်း အနီကောင်း၊ အနက်ဆိုး ဆိုတဲ့ ပထမဆုံး ဥပဒေသကို မေ့မထားသင့်ပါဘူး။

: အလုပ်များပိနေသော်လည်း ငွေအရနည်းခြင်း

: ငွေရှာခြင်း ကိစ္စသို့မဟုတ်၊ ငွေကြေးနှင့် ပတ်သက်သော အလုပ်အကိုင်

♥ ♦ ♥: ရက်ရော ပွင့်လင်းသော နှလုံးသား

♦ ♥ ♦: ချစ်ခင်သူနှင့်အတူ လုပ်အားခ အသီးအပွင့်များကို ခံစားခြင်း

: ငွေကြေးပြဿနာကို ကျော်လွှားနိုင်ခြင်း

: စိတ်နှင့် ပတ်သက်သော ပြဿနာကို ကျော်လွှားနိုင်ခြင်း

♣ ♠ ♣: အလုပ်အကိုင်၊ ကိုယ်ရေးကိုယ်တာ အခက်အခဲအား ကျော်လွှားနိုင်ခြင်း


ဆက်လက်ပြီး စပိတ်ပါတဲ့ သုံးချပ် အတွဲတွေကို လေ့လာကြည့်ရအောင်။

: ဖြေရှင်းရင်း စိတ်၊ နှလုံးသားပြဿနာ ရခြင်း

: စိတ်၊ နှလုံးသားပြဿနာကို ဖြေရှင်းနိုင်ခြင်း

♠ ♣: စိတ်ပြဿနာအား ဖြေးညှင်းစွာ ဖြေရှင်းခြင်း

ဒီနေရာမှာ သတိပြု လေ့လာရမယ့် အချက်တွေကို တွေ့နိုင်ပါတယ်။ ပထမဆုံးနမူနာမှာ စပိတ်နဲ့ ဆုံးတဲ့အတွက် ပြဿနာဆီကို ဦးတည်တာကို ပြဆိုပြီး... ဒုတိယ နမူနာမှာတော့ စပိတ်ကတ်က အရင်ဆုံး ကျတဲ့အတွက် ပြဿနာကို ကျော်လွှားနိုင်တာကို ပြဆိုပါတယ်။ နောက်ဆုံး နမူနာမှာတော့ စပိတ်က အလယ်မှာ ဖြစ်တဲ့အတွက် ပြဿနာကို ကျော်လွှားနိုင်မယ် ဒါပေမယ့် စပိတ်က အလယ်မှာ ဖြစ်တဲ့အတွက် သင့်ရဲ့ အားထုတ်မှုကို နှေးကွေးစေမှာတော့ အမှန်ပဲ။ အထက်က နမူနာတွေထဲက အသည်းပုံတွေကို ဒိုင်းမွန်းပုံနဲ့ အစားထိုးကြည့်မယ် ဆိုပါတော့...

: ဖြေရှင်းရင်း ငွေကြေးပြဿနာနှင့် ရင်ဆိုင်ရခြင်း

: ငွေကြေးပြဿနာအား ဖြေရှင်းနိုင်ခြင်း

♠ ♣: ငွေကြေးပြဿနာကို နှေးကွေးစွာ ဖြေရှင်းနိုင်ခြင်း


နောက်ထပ် ဥပမာတွေ ထပ်လေ့လာကြည့်ရအောင်။ ဒီတစ်ခါမှာတော့ ညှင်း (Club) ပုံကို ထိပ်ဆုံးမှာ တွေ့ရပါမယ်။

♣ ♠ ♠: ဖြေရှင်းရင်း လမ်းမှားရောက်သွားခြင်း၊ ရှေ့မှာ အတားဆီးများ ရှိခြင်း

♦ ♦: ငွေကြေးအောင်မြင်မှုအတွက် နည်းလမ်းမှန်စွာ ဖြေရှင်းနိုင်ခြင်း

♥ ♥: စိတ်ခံစားမှု၊ နှလုံးသားပြဿနာများအား မှန်ကန်စွာ ဖြေရှင်းနိုင်ခြင်း

တကယ်လို့ ၃ ချပ်တွဲမှာ အသည်းပုံနဲ့ အဆုံးသတ်ခဲ့တယ်ဆိုရင် တကယ်ကို ကောင်းတဲ့ လက္ခဏာပါ။ သုံးချပ်ထဲက ရှေ့နှစ်ချပ်က ဘာပဲဖြစ်နေပါစေ... စိတ်ဖိစီးမှု၊ ငွေကြေးပြဿနာ ဘာပဲဖြစ်ဖြစ်ပါ... အသည်းပုံ ကတ်ပြား အဆုံးသတ်မှာ ပြရင်ဖြင့် ပြဿနာတွေကို လွယ်ကူ အေးဆေးစွာ ဖြေရှင်းနိုင်မယ် ဆိုတာပါပဲ။ နမူနာအနေနဲ့...

: ငွေကြေးပြဿနာအား လွယ်ကူစွာ ကျော်လွှားနိုင်ခြင်း

ဒီနမူနာကို စောစောက ပြခဲ့ဖူးတဲ့ ဥပမာ တစ်ခုဖြစ်တဲ့... ♠ ♣ နဲ့ နှိုင်းယှဉ် ကြည့်ပါမယ်။ အသည်းပုံနဲ့ အဆုံးသတ်တဲ့ အတွက် အလွယ်တကူ ဖြေရှင်းနိုင်ပေမယ့်... ညှင်းပုံနဲ့ အဆုံးသတ်ရင်ဖြင့် ပြေလည်ဖို့ နှေးကွေးပြီး ပိုမို အားစိုက်ထုတ်ရမှာကို ပြဆိုတာပါ။

ဒုတိယအဆင့် ဥပဒေသနဲ့ ပတ်သက်တဲ့ နမူနာတွေကို ဒီမှာပဲ အဆုံးသတ်ချင်ပါတယ်။ ထပ်မံပြီး သတိပေးချင်တာကတော့ အပွင့်တစ်ခုချင်းဆီရဲ့ အဓိပ္ပာယ်တွေကို နားလည်ပြီဆိုရင် ဘယ်ကနေညာ စီစဉ်ထားတဲ့ အနေထားကို ကြည့်ပြီး အဓိပ္ပာယ် ဖွင့်ဆိုတာပါပဲ။ ပထမဆုံး အရောင်ကို ကြည့်မယ်၊ ပြီးရင်တော့ အပွင့်တစ်ခုချင်းဆီရဲ့ အစီအစဉ်ကို ကြည့်မယ်ဆိုရင်ဖြင့် အလွယ်တကူပဲ အဓိပ္ပာယ်ဖွင့်ဆို နိုင်ပါလိမ့်မယ်။

ဒီမှာတော့ ပထမအဆင့်နဲ့ ဒုတိယအဆင့်တွေကို ဘယ်လို အသေးစိတ် အဓိပ္ပာယ်ကောက်ရမယ်ဆိုတာကို ပြောပြထားပါတယ်။ နောက်ပို့စ်မှာတော့ တတိယအဆင့်ဖြစ်တဲ့ နံပါတ် တစ်ခုချင်းစီရဲ့ အဓိပ္ပာယ်နဲ့ ဘယ်လို ပေါင်းစပ်ပြီး ဟောရမယ်ဆိုတဲ့ ဥပဒေသကို ပြောပြသွားပါမယ်။

အဆင်ပြေမည်ဟု မျှော်လင့် ယုံကြည်လျက်
အုပ်စိုး

References:
http://www.c-cartomancy.net/
http://www.hedgewytchery.com/cartomancy.html
http://www.serenapowers.com/playingcards2.html
http://www.cafeastrology.com/fortunetellingcards.html
http://www.secondhand-souls-4occult.com/cartomancy.html
Read more...

Monday, November 9, 2009

ဖဲဗေဒင် အကြောင်း သိကောင်းစရာ (၁)

| | 0 comments


(Source: http://blogs.tampabay.com/biking/2008/02/where-did-bicyc.html)

Cartomancy ဆိုတဲ့ ကစားစရာဖဲချပ် (Playing Card) တွေကို ဖတ်ပြီး အနာဂတ်ကို ဖော်ထုတ် အဖြေရှာတာဟာ စုန်းတွေ၊ ဂျစ်ပစီတွေ၊ နိမိတ်ဖတ်ဆရာတွေ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာ ကတည်းက အသုံးပြုလာတဲ့နည်းပါ။ သာမန် ကစားတဲ့ ဖဲချပ်တွေဟာ သူ့ရဲ့ မိခင်လို့ သတ်မှတ်ထားတဲ့ တားရော့လောက် သင်ယူစရာ... လေ့လာစရာ မကောင်းတာတော့ အမှန်ပါ။ ဒါပေမယ့်လည်း ကလေးငယ် တစ်ယောက်ရဲ့ နှုတ်က လွတ်လပ် ပွင့်လင်းတဲ့ အတွေးအမြင်တွေ ကို ကြားရသလိုပါပဲ... သာမန်ဖဲထုပ်တစ်ခုနဲ့ ကံကြမ္မာကို ဖတ်ကြားတာဟာ တနည်းတဖုံတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်လို့ ယူဆပြီး တချို့ နိမိတ်ဖတ်ဆရာတွေက အသုံးပြုနေဆဲ ဖြစ်ပါတယ်။

သာမန် ဖဲထုပ်နဲ့ ကံကြမ္မာကို ဖတ်ကြားတာရဲ့ အားသာချက်ကတော့ အခြားသော ကံကြမ္မာဖတ် ဖဲထုပ်တွေလို ခက်ခက်ခဲခဲ ရှာဝယ်စရာ မလိုဘဲ လူတိုင်းနဲ့ လက်လှမ်းမီတဲ့ အချက်ပါပဲ။ ဒါပေမယ့် အခြားတစ်ဘက်မှာတော့ တားရော့လိုပါပဲ သူတို့မှာ တိကျ သေချာတဲ့ စနစ်နဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ ရှိနေတယ် ဆိုတာကို သိထားသင့်ပါတယ်။ အဲဒါကို သင့်လက်တစ်ကမ်းမှာ ရှိတဲ့ သာမန် ဖဲထုပ်တစ်ထုပ်ကို ယူပြီး သင်ရှာဖွေနိုင်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့ အလွယ်တကူဝယ်လို့ ရတဲ့ Standard Deck of Playing Cards ဆိုတဲ့ သာမန် ဖဲထုပ်ကတော့ Anglo-American Playing Cards ဆိုတဲ့ အင်္ဂလိပ်နဲ့ အမေရိကန်တွေက စတင်အသုံးပြု ကစားခဲ့တဲ့ ဖဲထုပ်ပါပဲ။

အသေးစိတ်ကို သိချင်ရင်တော့... http://en.wikipedia.org/wiki/Playing_card မှာ ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

သာမန်ဖဲထုပ်တစ်ထုပ်မှာ ဂျိုကာဖဲချပ်ကို ဖယ်လိုက်ရင် စုစုပေါင်း ၅၂ ချပ် ရှိပါတယ်။ သူ့ရဲ့ မိခင် တားရော့ဖဲထုပ်မှာတော့ Minor Arcana က ၅၆ ချပ် ရှိပါတယ်။ ကွာခြားချက်ကတော့ တားရော့ ဖဲထုပ်မှာ ပါတဲ့ Knight ကတ်ပြား ၄ ချပ်ကို သာမန် Standard ဖဲထုပ် တစ်ထုပ်မှာ ထည့်သွင်းမထားခြင်းပါပဲ။ သာမန်ဖဲထုပ် တစ်ထုပ်မှာသတ်မှတ်ထားတဲ့ အနီရောင်က နေ့ဘက်ကို ကိုယ်စားပြုပြီး အနက်ရောင်က ညဘက်ကို ကိုယ်စားပြုပါတယ်။

သာမန်ဖဲထုပ်မှာ ပါတဲ့ သင်္ကေတတွေနဲ့ တားရော့ သင်္ကေတတွေ ဆက်စပ်ပုံကတော့ အောက်က ပုံအတိုင်းပါပဲ။


(Source: http://occultview.com/2009/02/14/tarot-symbolism-and-spirit-elementals/)

သာမန် ဖဲထုပ်တစ်ထုပ်ဟာ တားရော့က ဆင်းသက်လာတယ်ဆိုပေမယ့် သူ့မှာ တားရော့နဲ့ မတူကွဲပြား ထူးခြားတဲ့ အချက်တွေ ရှိနေပါတယ်။ တားရော့မှာ Page, Knight, Queen, King ဆိုပြီး လူရုပ်ကိုယ်စားပြုတာ ၁၆ ချပ်ရှိပေမယ့်... သာမန်ဖဲထုပ်မှာ အရုပ်ပုံ ရိုက်ထားတဲ့ ကတ်ပြား (Jack, Queen, King) စုစုပေါင်း ၁၂ ချပ်သာ ရှိပါတယ်။ အဲလိုပါပဲ တစ်နှစ်မှာ ၁၂ လ ရှိပါတယ်။ သာမန် ဖဲထုပ်မှာ ရှိတဲ့ ကတ်ပြားပေါင်း ၅၂ ချပ် (ဂျိုကာဖဲ မပါ) ဟာ... တစ်နှစ်မှာ ၅၂ ပတ် ရှိတာနဲ့ သွားပြီး တိုက်ဆိုင်ပါတယ်။

နောက်ထပ် ထူးခြားတာကတော့ အဆိုပါ လူရုပ်ပုံကတ်ပြားတွေဟာ သမိုင်းဝင် ပုဂ္ဂိုလ်တွေကို ထည့်သွင်းရေးဆွဲထားခြင်းပါ။ The King of Hearts က Charlemagne ကို ကိုယ်စားပြုပြီး the King of Diamonds ကတော့ Julius Caesar ဖြစ်ပါတယ်။ the King of Clubs က Alexander the Great နဲ့ the King of Spades ကတော့ Holy Bible ထဲက King David ကို ရေးဆွဲထားတာဖြစ်ပါတယ်။



(Source: http://www.dreamstime.com/stock-photography-jack-king-queen-of-spades-vector-image9078262)

Diamond, Heart, Club, Spade ဆိုတဲ့ သင်္ကေတ လေးခုကတော့ လမင်းရဲ့ သွင်ပြင်လက္ခဏာတွေဖြစ်တဲ့ လဆန်း၊ လပြည့်၊ လဆုတ် နဲ့ လကွယ် တို့ကို ကိုယ်စားပြုတာပါ။ ဒါ့အပြင် အဆိုပါ သင်္ကေတ လေးခုက Spring, Summer, Autumn, Winter ဆိုတဲ့ ရာသီ ၄ ခုကို ကိုယ်စားပြုတယ်လို့ အချို့က သတ်မှတ်ထားပြီး... သင်္ကေတ တစ်မျိုးဆီမှာ ဖဲချပ် ၁၃ချပ် ရှိခြင်းက ရာသီ တစ်ခုဆီမှာ အပတ်ပေါင်း ၁၃ပတ် တိတိ ရှိတာကို ကိုယ်စားပြုပါတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်... ဖဲထုပ်မှာ ပါတဲ့ ကတ်ပြား ၅၂ ချပ်က နံပါတ်တွေကို ပေါင်းကြည့်မယ် ဆိုပါဆို့။ Ace ကိုတော့ နံပါတ် ၁ အနေနဲ့ Jack, Queen, King တွေကိုတော့ ၁၁၊ ၁၂၊ ၁၃ အနေနဲ့ သတ်မှတ်ပြီး ပေါင်းကြည့်မယ်ဆိုရင် စုစုပေါင်း တန်ဖိုး ၃၆၄ (၉၁ x ၄) ရတာကိုတွေ့ရပါလိမ့်မယ်။ ဒါဟာ တစ်နှစ်မှာ သတ်မှတ်ထားတဲ့ ၃၆၅ ရက်ထက် ၁ ရက်ပဲ လျော့တာပါ...။ ဒါကို ကြည့်ခြင်းဖြင့် တချို့က သာမန် ဖဲထုပ်တစ်ထုပ်ကို တားရော့ကနေ ပြောင်းလဲပြီး ၅၂ ချပ်သတ်မှတ်ခြင်းဟာ နေနဲ့ လရဲ့ စနစ်တွေကို ထည့်သွင်းခြင်း ဖြစ်တယ်လို့ ကောက်ချက်ချကြပါတယ်။

အထက်က အချက်တွေကို ထောက်ရှုခြင်းအားဖြင့် သာမန်လက်ခံထားတဲ့ Playing Card Deck တစ်ခုဟာလည်း သာမန်မဟုတ်ဘူးလို့ ယူဆရပါလိမ့်မယ်။ အဲလိုပါပဲ ဖဲထုပ်နဲ့ ကံကြမ္မာဖတ်တဲ့အခါ သာမန်ကာလျှံကာ ဖတ်မယ်ဆိုရင်လည်း သာမန်ထက် နက်နဲတဲ့ အဓိပ္ပာယ်တွေ သိမြင်မှုတွေကို ရရှိမှာ မဟုတ်ပါဘူးလို့ ကောက်ချက်ချနိုင်ပါတယ်။ ဒီတော့ ဖဲထုပ်နဲ့ ကံကြမ္မာ စဖတ်ကြမယ်ဆိုပါစို့... အဲလိုဖတ်မယ်ဆိုရင်... အပိုင်း ၃ ပိုင်းရှိပါလိမ့်မယ်။ ဒီတော့ ဖဲဗေဒင်ကို ဟောကြားမယ့်သူဟာ အပိုင်း ၃ ပိုင်းစလုံးကို ကျွမ်းကျင်ရပါလိမ့်မယ်... တစ်ပိုင်းပိုင်းမှာ ရပ်ပြီး လေ့လာ ဖတ်ကြားလို့ မရပါဘူး...။

ဒီအပိုင်း ၃ ပိုင်းကို အလွယ်မှတ်တဲ့ အနေနဲ့ ကဗျာလေး တစ်ပုဒ်ကို ရွတ်ဆိုကြည့်ရအောင်...

`အပျင်းစွဲတဲ့ ဖဲချပ်ကဗျာ´

ပထမဆုံး မှတ်ထားပါ
အနီကောင်းလို့ အနက်ဆိုးတာ

ဒုတိယအချက် အလွယ်လေး
အပွင့်တစ်ခုစီ ရှင်းပြပေး
အသဲပုံက ချစ်မေတ္တာ၊ မိသားစုနဲ့ သူငယ်ချင်းပါ
ဒိုင်းမွန်းဆိုတော့ ငွေကြေးပေါ့ စီးပွားရေးနဲ့ ဆိုင်တာပေါ့
ညှင်းပွင့်ပြိုင်ဆိုင် အလုပ်အကိုင်၊ စီမံမှုနဲ့ဆိုင်
စပိတ်ပုံနောက် ကောင်းတာပျောက် ပြဿနာတွေရောက်

တတိယအချက် မှတ်ကြပါ နည်းနည်းရှုပ်လို့ပါ
နံပါတ်တစ်ခုဆီ ရှင်းမယ်လေး တစ်ကနေ ကင်းအထိ တွေး
၁ ဆိုတာက အစပါ၊ ၂ က ဖလှယ်မှုပါဗျာ
၃ ဆိုတာက တိုးတက်မှု၊ ၄ က တည်ငြိမ်မှု
နံပါတ် ၅ က ကိုယ်ခန္ဓာ ကျန်းမာရေးလည်းပါ
နံပါတ် ၆ က လမ်းပြပေး သွားမယ့် ရှေ့ခရီးအဝေး
၇ ကျတော့ ပြဿနာ၊ ၈ က တွေးခေါ်တာ
၉ က ဆိုတာ အပြောင်းအလဲ၊ ၁၀ အဆုံးသတ်ပဲ
ဂျက်ဆိုတာက ဖြတ်လတ်တာ နုနယ် ပျိုရွယ်မှုလည်းပါ
ကွင်းဆိုတာက မိန်းမမို့ မှန်ကန်မှုနဲ့ သက်ဆိုင်လို့
ကင်းဆိုတာကျ ယောက်ျားပါ ခွန်အားကြီးခြင်းတွေရှိတာ
တစ် ကနေ ကင်း မှတ်မိညား အလွယ်တကူ ဟောပါဗျား
အထက်က သုံးချက် မမေ့အပ်ပါ ဖဲချပ်ဗေဒင် တွက်တဲ့အခါ
တစ်နေ့သုံးခါ ရွတ်ဆိုပေး အပျင်းစွဲတဲ့ ဖဲကဗျာလေး

အထက်က ကဗျာလေးရဲ့ မူရင်း အင်္ဂလိပ် ကဗျာကတော့ ဒီမှာပါ။

'For the Witch of Poor Memory'

The firstmost rule is easily had:
Red cards are good and black cards are bad.

The secondmost rule shall bring greater fruits:
It deals with the meanings of each of the suits.
The Hearts count as love, family, and friends.
Diamonds are money, wealth, means, and ends.
Clubs shall mean work, callings, and plans,
And Spades are the troubles that plague every man.

The thirdmost rule toward number inclines;
Just note the card’s pip and read here their signs:
An Ace brings beginnings,
And Two gives exchange,
Three shows things growing,
But Four does not change.
Five is the body,
Its health and its stead,
Six shows a path
That the Seeker shall tread.
Seven brings troubles
That Fate has assigned,
While Eight shows ideas
And thoughts in the mind.
Nine heralds changes,
And Ten is the end,
While Kings are the symbols
Of power and men.
Queens are the emblems
Of women and truth,
A Knave is a message,
A girl, or a youth.

(Source: http://www.hedgewytchery.com/cartomancy.html)

နောက်အခန်းတွေမှာတော့ အထက်က အပိုင်း တစ်ပိုင်းချင်းစီကို အသေးစိတ် ဘယ်လိုကြည့်ပြီး ဟောမလဲ ဆိုတာကို ပြောပြသွားပါမယ်။

အဆင်ပြေမည်ဟု မျှော်လင့် ယုံကြည်လျက်
အုပ်စိုး

References:
http://en.wikipedia.org/wiki/Tarot
http://www.hedgewytchery.com/cartomancy.html
http://occultview.com/2009/02/14/tarot-symbolism-and-spirit-elementals/
http://www.avivadirectory.com/trivia/163-interesting-facts-about-playing-cards
http://andrewjspeirs.wordpress.com/2009/10/27/10-interesting-facts-about-a-standard-deck-of-playing-cards/
Read more...