Wednesday, December 2, 2009

ဖဲဗေဒင် အကြောင်း သိကောင်းစရာ (၃)

| | 0 comments


(Source: http://www.fortunetellingbook.com/images/bookcover888%20copy.jpg)

အရင် ပို့စ်တွေမှာ ဖဲဗေဒင်ရဲ့ အဆင့်သုံးဆင့်ထဲက ဒုတိယအဆင့် အပွင့်တစ်ခုချင်းစီရဲ့ ပေါင်းစပ်ခြင်းတွေ အထိကို အသေးစိတ် လေ့လာခဲ့ပါတယ်။ ဒီနေ့မှာတော့... တတိယအဆင့်ဖြစ်တဲ့ နံပါတ် တစ်ခုချင်းစီရဲ့ အဓိပ္ပာယ်တွေနဲ့ ဘယ်လို ပေါင်းစပ်အဖြေထုတ်မလဲ ဆိုတာကို ပြောပြသွားမှာဖြစ်ပါတယ်။ ပထမဆုံး ပို့စ်မှာ ပြောသွားသလိုပါပဲ ဖဲချပ်တွေနဲ့ ဗေဒင်တွက်တာဟာ တားရော့ လီနော်မန် စတဲ့ ကတ်ပြားတွေနဲ့ အဖြေရှာတာလောက် အနှစ်သာရ မပြည့်ဝဘူးလို့ ထင်ကောင်းထင်နိုင်ပေမယ့် တကယ်တမ်း နက်နက်ရှိုင်းရှိုင်း လေ့လာမယ်ဆိုရင် ထူးခြားတာတွေကို တွေ့ရမှာပါပဲ။

ဖဲဗေဒင်ကို လေ့လာတဲ့သူတိုင်း ကြုံတွေ့ရတာက ဖဲဗေဒင်မှာ နည်းလမ်းအမျိုးမျိုး အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ အမျိုးမျိုးရှိနေတာပဲ ဖြစ်ပါတယ်။ ပြင်သစ်ကနည်း၊ အရှေ့တိုင်းကနည်း၊ ဂျစ်ပဆီတွေရဲ့နည်း စသည်ဖြင့် စုံလို့ပါပဲ။ ဒါပေမယ့် အခြားတစ်ဘက်မှာ အဲဒီနည်းလမ်းတွေကို သေချာလေ့လာ နှိုင်းယှဉ်ကြည့်တဲ့အခါ တားရော့၊ လီနော်မန် ကတ်ပြားတွေရဲ့ ဖွင့်ဆိုချက်တွေ ကွဲပြားသလိုမျိုးဖြစ်တာကို သတိထားမိပါလိမ့်မယ်။ အဲဒီအခါမှာ အခြေခံအားဖြင့် ကတ်ပြားတွေရဲ့ ယူဆပုံ တူညီတာကိုလည်း သတိပြုမိမှာ ဖြစ်ပါလိမ့်မယ်။


ဒီနေရာမှာ ကျွန်တော်တို့ ယူဆတဲ့ ဖွင့်ဆိုချက်တွေကတော့ ပထမဆုံး ပို့စ်မှာ ပြောသွားခဲ့တဲ့ ကဗျာလေးပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။ အခြားသော မိမိနှင့် ကိုက်ညီတဲ့၊ ကာလံဒေသံ အလိုက်အထိုက် ဖွင့်ဆိုချက်တွေကို ပြောင်းလဲယူဆနိုင်ပါတယ်လို့ ဖြည့်ပြောချင်ပါတယ်။

တတိယအဆင့် ဖွင့်ဆိုချက်ကို အသေးစိတ် လေ့လာခြင်း


(Source: http://farm3.static.flickr.com/2192/2124833204_e4b2c64bcd.jpg)


ဒီတစ်ခါတော့ ကတ်ပြားတစ်ချပ်ခြင်းစီကို လေ့လာပါမယ်။ ဒါကလည်း သိပ်အခက်ကြီး မဟုတ်ပါဘူး နံပါတ် တစ်ခုချင်းစီကို အပွင့်တွေနဲ့ တွဲဖက် လေ့လာခြင်းပဲဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ရွတ်ဆိုနေကျ... `အပျင်းစွဲတဲ့ ဖဲချပ်ကဗျာ´ ဆိုတာလေးကို ပြန်သတိရမယ်ဆိုရင်...

  • ၁ ဂဏန်းဟာ အဦးအစ ဖြစ်ပါတယ်။ အပွင့်တိုင်းရဲ့ အစဖြစ်နေတာပါ။

  • ၂ ဂဏန်းကတော့ ဖလှယ်မှု၊ ဝေမျှမှု စတာတွေကို ဆိုလိုသလို၊ စုံတွဲ၊ ဒွိ စတာတွေကိုလည်း ရည်ညွှန်း ပါသေးတယ်။

  • ၃ ဂဏန်းကတော့ တိုးတက်မှုကို ဆိုလိုတာပါ။

  • ၄ ဂဏန်းကတော့ မလှုပ်မရှား တည်ငြိမ်နေမှု၊ လေးထောင့်ပုံ၊ စတုရန်း စတာတွေကို ကိုယ်စားပြုပါတယ်။

  • ၅ ဂဏန်းကတော့ ကိုယ်ခန္ဓာ၊ ခြေ၊ လက်စတာတွေနဲ့ သက်ဆိုင်ပါတယ်။ (လူတစ်ယောက်မှာ ချွန်ထွက် နေတာဖြင့်... ခေါင်းတစ်ခု၊ လက်နှစ်ခု၊ ခြေနှစ်ခု ရှိလို့ပါ)။ ပြီးတော့ ငါးဂဏန်းဟာ ကျန်းမာရေးနဲ့လည်း သက်ဆိုင်ပါသေးတယ်။


အထက်က ၁ ကနေ ၅ အထိ ဂဏန်းတွေရဲ့ ဖြစ်ပျက်နေပုံကို လေ့လာကြည့်မယ်ဆိုရင် သဘာဝ အတိုင်းဆိုတာကို သတိထားမိပါလိမ့်မယ်။ ပထမဆုံး စတင်ဖြစ်တည်လာတယ်... ပြောင်းလဲတယ်... တိုးတက်လာတယ်... ကာလတစ်ခုကို ရောက်တဲ့အခါ ရပ်တန့်သွားတယ်... အဲဒီမှာ ဖြစ်တည်လာတာက အကောင်အထည်၊ ကိုယ်လုံးကိုယ်ထည် ပေါ်လာတယ်။ ဒီသဘောပါပဲ။ ဒီတော့ နောက်ဆက်ဖြစ်မှာကို တွေးကြည့်ရင် အဲဒီ ခြေလက်နဲ့ လူက လမ်းပေါ်လျှောက်သွားတော့မယ်။ အဲဒီအခါ...

  • ၆ ဂဏန်းဟာ လမ်းကြောင်း၊ သွားရမယ့် ခရီးကို ပြဆိုတာပါ။ ခြောက်ဖဲချပ်ကို ကြည့်လိုက်ရင်လည်း ဖဲပွင့်လေးတွေ စီနေပုံက လမ်းကြောင်းလေးတစ်ခုကို ဖော်ညွှန်းနေသလိုပါပဲ



(Source: http://eprints.utas.edu.au/6857/1/6_spade_b.jpg)

  • ၇ ဂဏန်းကတော့ ပြဿနာတွေ၊ အခက်အခဲတွေကို ရည်ညွှန်းတာပါ။ ၇ ဖဲချပ်ကို ကြည့်လိုက်ရင်လည်း လမ်းလယ်မှာ အတားဆီးလေး ရှိနေသလိုမျိုး တွေ့မိမှာပါ။

  • ၈ ဂဏန်းကတော့ အတွေးအခေါ် အကြံအစည်တွေ၊ အိုင်ဒီယာတွေနဲ့ ပတ်သက်တာပါ။ သူ့ကို ရှေးရိုးအစဉ်လာရလည်း စိတ်နဲ့ ပတ်သက်တဲ့ ဂဏန်းအဖြစ် လက်ခံလာခဲ့တာပါ။

  • ၉ ဂဏန်းကတော့ အပြောင်းအလဲကို ပြဆိုတဲ့ဂဏန်းပါ။ သူဟာ လနဲ့ သက်ဆိုင်တဲ့ ဂဏန်းအဖြစ် ယူဆခဲ့ကြပါတယ်။ လမင်းဟာ အမြဲတမ်း ပြောင်းလဲနေတာပါ။ မြန်မာအယူမှာတော့ ကိုးန၀င်း မိုးအလင်း ဆိုတာ ရှိပါတယ်။ အပြောင်းအလဲကိုပဲ ပြဆိုတယ်လို့ အကြမ်းအားဖြင့် ယူဆနိုင်ပါတယ်။

  • ဖဲထုပ်တစ်ထုပ်မှာရှိတဲ့ နံပါတ်စဉ်တွေရဲ့ နောက်ဆုံးဖြစ်တဲ့ ၁၀ ဂဏန်းကတော့ ခရီးအဆုံးသတ်၊ ပန်းတိုင် စတာတွေကို ပြဆိုတာပါ။ နံပါတ် ၁၀ ကို ဖွင့်ဆိုတဲ့အခါ အဆုံးသတ်တယ်လို့ ယတိပြတ်ကောက်ချက် မချသင့်ပါဘူး။ သူဟာ နောက်ဘ၀တစ်ခုအတွက် အစပြုခြင်းလို့လည်း ယူဆနိုင်ပါသေးတယ်။ ဒါကြောင့် ၁၀ ဂဏန်းကို ဖတ်တဲ့အခါ ဖဲချပ်ဟာ ဘယ်အပွင့်ပဲ ဖြစ်နေပါစေ... စဉ်ဆက်မပြတ် ဖြစ်တည်မှု Continuous သဘောကိုလည်း မေ့မထားသင့်ပါဘူး။


အထက်က နံပါတ်စဉ် ၆ ကနေ ၁၀ အထိဖြစ်ပေါ်လာတာကလည်း သဘာဝ ဖြစ်စဉ်အတိုင်းပါပဲ။ နံပါတ် ၅မှာ အင်္ဂါစုံလာတဲ့ လူဟာ လမ်းကြောင်းပေါ်လျှောက်တယ်။ အခက်ခဲတွေ အတားဆီးတွေ တွေ့တယ်။ အဲဒီအခါမှာ ကြံစည်တွေးခေါ်မှုတွေနဲ့ ဘ၀ကို ပြောင်းလဲနေထိုင်ရင်း နောက်ဆုံးခရီးလမ်းကို လျှောက်လှမ်းသွားတယ်။ ဒီသဘောလေးပါပဲ။

၁ ကနေ ၁၀ အထိ မှတ်မိသွားရင်တော့ ကျန်တဲ့ ကတ်ပြားတွေကို မှတ်မိဖို့ လွယ်ကူသွားပါပြီ။

  • ကင်းဆိုတာ ဖိုယောက်ျား၊ ခွန်အားကြီးခြင်း စတာတွေကို ပြဆိုပါတယ်။

  • ကွင်းဆိုတာကျတော့ အမျိုးသမီး၊ မှန်ကန်ခြင်း၊ သစ္စာရှိခြင်း စတာတွေကို ပြဆိုပါတယ်။

  • ဂျက်ကတ်ပြားကျတော့ သတင်းစကား၊ လူငယ်၊ နုပျိုမှု စတာတွေကို ပြဆိုပါတယ်။ လိင်အနေနဲ့ သူဟာ ကျားမ နှစ်မျိုး လုံးနဲ့ သက်ဆိုင်ပါတယ်။



(Source: http://img3.imageshack.us/img3/907/dscf7980.jpg)

ဒါဆိုရင် နည်းနည်းလေး တစ်ဆင့်တိုးပြီး အပွင့်တွေနဲ့ ပေါင်းစပ်လေ့လာကြည့်ကြပါစို့။ ဒီနေရာမှာ ၅၂ ချပ်စလုံးကို မပြောပြတော့ပါဘူး။ နမူနာ ၁၃ ချပ်ကိုပဲ ပြောပြပါမယ်။ ကျန်တာကို သင့်ရဲ့ အားထုတ်မှုနဲ့ လေ့လာသင်ယူပါလို့ အကြံပြုချင်ပါတယ်။

Ace (အစပျိုးခြင်း) + (မိသားစု၊ အချစ်၊ မိတ်ဆွေ):
ချစ်ခြင်း အစပျိုးခြင်း၊ မိတ်ဆွေသစ် ရခြင်း၊ မိသားစုဝင် အသစ်မွေးဖွားလာခြင်း

2 (ဖလှယ်မှု) + (ပြဿနာ):
နှစ်ဦးနှစ်ဘက် အငြင်းပွားမှု၊ ပြတ်စဲခြင်း၊ ပေါင်းသင်းဆက်ဆံရေး မပြေလည်ခြင်း

3 (တိုးတက်မှု) + (ငွေကြေး၊ စည်းစိမ်):
လစာတိုးရခြင်း၊ ငွေကြေးတိုးပွားလာခြင်း၊ အမြတ်ရခြင်း

4 (တည်ငြိမ်မှု၊ ရပ်တန့်မှု) + (အလုပ်အကိုင်၊ စီမံကိန်း):
ခိုင်မြဲအခြေကျသော ပန်းတိုင်၊ မွဲပြာပုဆိုး ကိစ္စများ၊ ပျင်းရိဖွယ် အလုပ်အကိုင်များ၊ နှေးကွေးလေးလံသော ခြေလှမ်းများ

5 (ကိုယ်ခန္ဓာ၊ ကျန်းမာရေး) + (ချစ်ခြင်း၊ မိသားစု၊ မိတ်ဆွေ):
လိင်ဆက်ဆံခြင်း၊ ခင်မင်မှုရဲ့ လက်တံ၊ ကျန်းမာရေးကောင်းခြင်း (အသည်းပုံဟာ ကောင်းတဲ့ကတ်ဖြစ်ပါတယ်)

6 (ခရီးလမ်း) + (ပြဿနာ):
လမ်းမှားကို ဦးတည်နေခြင်း၊ ရွေးခြယ်မှုမှာခြင်း၊ ခရီးသွားရင်း ဒုက္ခရောက်ခြင်း၊ အကျိုးမြတ်မရသော ခရီးဖြစ်ခြင်း၊ စွန့်ပယ်ခံရခြင်း

7 (ပြဿနာ) + (ငွေကြေး၊ စည်းစိမ်):
ငွေကြေး ပြဿနာ၊ အမြတ်မရခြင်း၊ အသုံးစရိတ် ခက်ခဲခြင်း

8 (အကြံအစည်) + (အလုပ်ကိုင်၊ စီမံကိန်း):
အလုပ်အကြောင်း စဉ်းစားခြင်း၊ အလုပ်ပြောင်းရန် စဉ်းစားခြင်း၊ လက်တွေ့ကျသော အကြံအစည်

9 (အပြောင်းအလဲ) + (ချစ်ခြင်း၊ မိသားစု):
ကောင်းမွန်သော အပြောင်းအလဲ (အသဲပုံက ကောင်းသောကဒ်ဖြစ်၍) ဆုတောင်းပြည့်သော ကတ်ပြားဟုလည်း ရှေးရိုးအစဉ်အလာ လက်ခံထားသည်။

10 (အဆုံးသတ်၊ ပန်းတိုင်) + (ပြဿနာ):
ပြဿနာပေါင်း သောင်းခြောက်ထောင်၊ ထိခိုက် ပျက်ဆီး ၀မ်းနည်းရခြင်း

King (ယောက်ျား၊ ခွန်အား) + (ငွေကြေး၊ စည်းစိမ်):
ငွေကြေးချမ်းသာသော ယောက်ျား၊ ငွေကြေးအင်အား တောင့်တင်းမှု၊ ငွေကြေးခိုင်မာသော စီးပွားရေး

Queen (မိန်းမ၊ မှန်ကန်မှု) + (အလုပ်အကိုင်၊ စီမံကိန်း):
လက်တွေ့ကျသော၊ တက်ကြွသော အမျိုးသမီး၊ ဘ၀အတွက် လှုပ်ရှားရုန်းကန်နေသော အမျိုးသမီး၊ သစ္စာတရား၏ ခေါ်ဆိုသံ၊ ကွက်တိ အဆင်ပြေသော အလုပ်အကိုင်၊ မှန်ကန်စနစ်ကျသော စီမံမှု

Jack (သတင်း၊ နုပျိုခြင်း) + (ချစ်ခြင်း၊ မိသားစု၊ မိတ်ဆွေ):
မိသားစုထဲမှ ငယ်ရွယ်သူများ၊ မေတ္တာစာ၊ သူငယ်ချင်း မိတ်ဆွေထံမှ သတင်း၊ ပန်းစည်း၊ ကျေးဇူးတင်လွှာ

ဒီနေရာမှာ မမေ့သင့်တာကတော့ ပထမဆုံး သတ်မှတ်ချက်ဖြစ်တဲ့ အနီကောင်း၊ အနက်ဆိုးတယ် ဆိုတာလေးပါ။ အနက်ရောင်ဖြစ်တဲ့ ညှင်းကတ်ပြားက သိပ်အဆိုးကြီးမဟုတ်သည့်တိုင် အလုပ်ပိုလုပ်ရခြင်း ပိုမိုအားစိုက်ရခြင်းကို ပြဆိုပါတယ်။ စပိတ်ကတ်ပြားကတော့ အဆိုးဆုံးဖြစ်ပါတယ်။


(Source: http://www.cartoonstock.com/lowres/jfa1672l.jpg)

ဆက်လက်ပြီး အလျဉ်းသင့်လို့ ရှေးရိုးလက်ခံထားတဲ့ ဖဲချပ်အဓိပ္ပာယ် တချို့ကို ပြောပြချင်ပါတယ်။

A: အိမ်၊ မိသားစု

A: စာတစ်စောင်

A: အခွင့်အရေး၊ ပန်းတိုင်

A: ဆုံးဖြတ်ချက်၊ သေဆုံးမှု

3: တစုံတရာ ဆုံးရှုံးခြင်း

7: မျက်ရည်ကျရခြင်း (ပြဿနာအပုံအပင်)

9: ဆုတောင်းပြည့်ခြင်း

9: ဆုတောင်း မပြည့်ခြင်း

10: ပူပန်မှု

Q or K: ကွာရှင်းပြတ်ဆဲထားသောသူ

ဒီတစ်ခေါက်အတွက် သင်ခန်းစာကို ဒီနေရာမှာပဲ ရပ်နားပါရစေ။ အရင်က ပို့စ်တွေမှာ ပြောပြသွားခဲ့တဲ့ ကဗျာလေးနဲ့အတူ ခုတစ်ခေါက် ဖွင့်ဆိုချက်တွေကို လေ့လာသင်ယူပါလို့ ပြောချင်ပါတယ်။ နောက်လာမယ့် ပို့စ်မှာ ဘယ်လို ဖြန့်ကျက် ဟောကြားရတယ်ဆိုတာကို လက်တွေ့နမူနာတွေနဲ့ ပြောပြမှာဖြစ်ပါတယ်။

အဆင်ပြေမည်ဟု မျှော်လင့် ယုံကြည်လျက်
အုပ်စိုး

References:
http://www.c-cartomancy.net/
http://www.hedgewytchery.com/cartomancy.html
http://www.serenapowers.com/playingcards2.html
http://www.cafeastrology.com/fortunetellingcards.html
http://www.secondhand-souls-4occult.com/cartomancy.html
Read more...

Wednesday, November 18, 2009

ဖဲဗေဒင် အကြောင်း သိကောင်းစရာ (၂)

| | 0 comments


(Source: http://www.amazon.co.uk/Fortune-Telling-Playing-Cards-Cartomancy/dp/0850302668)

အရင်တစ်ခေါက်က သာမန်ဖဲထုပ် တစ်ထုပ်ရဲ့ ထူးခြားချက်တွေကို ပြောခဲ့ပါတယ်။ အဲဒီ ထူးခြားချက်တွေ အနည်းငယ်ကို ထပ်မံ ဖြည့်စွက်ပြောချင်ပါတယ်။

သာမန်ဖဲထုပ်ထဲကနေ ဂျက်၊ ကွင်း၊ ကင်း တွေကို ဖယ်လိုက်ရင်... ၁ ကနေ ၁၀ အထိ ကျန်ပါမယ်။ အပွင့် ၄ မျိုး (စပိတ်၊ ဟတ်၊ ဒိုင်းမွန်း၊ ကလပ်) စတာတွေပါရင် စုစုပေါင်း အချပ် ၄၀ ရှိပါမယ်။ အဲဒီက နံပါတ်တွေ အကုန်ကို ပေါင်းကြည့်ရင်ဖြင့် စုစုပေါင်း ၂၂၀ (၅၅ x ၄) ရတာကို တွေ့ရပါလိမ့်မယ်။ အဲဒီတော့... သာမန် ရက်ထပ်နှစ် မဟုတ်တဲ့ နှစ်တစ်နှစ်ကို ဇန်န၀ါရီ ၁ ရက်က စရေတွက်လိုက်ရင်ဖြင့် ၂၂၀ မြောက် ရက်ဟာ သြဂုတ် ၈ ရက် (၈ လ၊ ၈ ရက်) ဖြစ်တာကို တွေ့ရပါလိမ့်မယ်။ (Source: http://en.wikipedia.org/wiki/August_8)


(Source: http://www.biblewheel.com/wheel/Spokes/Spoke08_500t.gif)

ဗုဒ္ဓဘာသာရဲ့ ကျင့်စဉ်အနေနဲ့ မဂ္ဂင်ရှစ်ပါးကို တွေ့ရှိနိုင်ပါတယ်။ အခြားသော ဘာသာတွေမှာလည်း ၈ ဂဏန်းကို ထူးခြားသော ဂဏန်းအဖြစ် သတ်မှတ်ထားတာကို တွေ့နိုင်ပါတယ်။ ဒါကတော့ သာမန်ဖဲထုပ် တစ်ထုပ်နဲ့ ၈ ဂဏန်းရဲ့ ဆက်စပ်မှုပါပဲ။ ၈ ဂဏန်းရဲ့ အခြားသော ထူးခြားချက်တွေကို စိတ်ဝင်စားရင် တော့ဖြင့် ဒီလင့်ခ်တွေမှာ ဖတ်ရှုနိုင်ပါတယ်။

http://en.wikipedia.org/wiki/8_(number)
http://www.biblewheel.com/wheel/Spokes/Chet_Eight.asp
http://www.onlinechineseastrology.com/content-detail.aspx?ID=108
http://www.sanatansociety.org/vedic_astrology_and_numerology/indian_numerology_8.htm

ပြီးခဲ့တဲ့ အခေါက်က ဖဲဗေဒင်ကို လေ့လာရာမှာလိုအပ်တဲ့ အဆင့် ၃ဆင့်ကို ပြောပြခဲ့ပါတယ်။ ဒါ့အပြင် အလွယ်မှတ်နည်းအနေနဲ့ `အပျင်းစွဲတဲ့ ဖဲချပ်ကဗျာ´ ဆိုတာကိုလည်း ပြောပြခဲ့ပါတယ်။ ဒီတစ်ခေါက် မှာတော့ အဲဒီ အဆင့် ၃ ဆင့်ထဲက ပထမအဆင့် (အနီ အနက်) နဲ့ ဒုတိယ အဆင့် (စပိတ်၊ ဟတ်၊ ဒိုင်းမွန်း၊ ညှင်း) စတာတွေရဲ့ ပေါင်းစပ်ခြင်းကို အသေးစိတ် လေ့လာကြည့်ကြရအောင်။


ဖဲချပ်တွေဟာ လူတွေလိုပါပဲ။ လူတစ်ယောက်ဆီမှာ ထူးခြားချက်၊ ဂုဏ်ဒြပ် တစ်ခုစီ ရှိကြသလို ဖဲတစ်ချပ်ခြင်းမှာ ရှိတဲ့ ဖွင့်ဆိုချက်တွေက မတူကြပါဘူး။ လူ နှစ်ယောက် တွေ့ကြုံ ဆက်ဆံတဲ့အခါ တစ်ဘက်ကလူနဲ့ လိုက်ပြီး ကိုယ်က ကောင်းလို့ တစ်ဘက်က ဆိုးသည့်တိုင် လူမှုဆက်ဆံရေးအရ ခွင့်လွှတ်လိုက်ရတာတွေ၊ နားလည် လက်ခံပေးလိုက်ရတာ မျိုးတွေ ရှိတတ်ပါတယ်။ အဲလိုပါပဲ... ဖဲချပ်တွေ ၂ ချပ် ၃ ချပ် စသည်ဖြင့် ပေါင်းစည်းတဲ့အခါ မူလ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ အပြင် သူနဲ့ နီးစပ်ရာ ကတ်တွေရဲ့ အနေအထားကို လိုက်ပြီး အဓိပ္ပာယ် ပြောင်းလဲ (သို့) ပေါင်းစပ် ဖွင့်ဆို ပေးရတဲ့ အခါတွေ ရှိပါတယ်။

ဒီတော့ ဖဲချပ်တွေကို ပေါင်းစပ်လေ့လာမယ့်အခါဆိုရင် အခြေခံအကျဆုံးဖြစ်တဲ့ အပြင် ရှေး ဂျစ်ပဆီနဲ့ သိုးဆောင်းလူမျိုးတွေ အသုံးပြုလေ့ရှိတဲ့ ၃ ချပ် တွဲနည်းကို လေ့လာခြင်းက အဆင်အပြေဆုံး ဖြစ်ပါတယ်။

ပထမအဆင့် ဥပဒေသအပေါ် အသေးစိတ် လေ့လာခြင်း

ဒီတော့ ဖဲထုပ်ထဲကနေ ကြိုက်တဲ့ ကတ်ပြား ၃ ချပ်ကို လက်တန်းဆွဲထုတ်ပြီး စားပွဲပေါ်ကို ချလိုက်ပါစို့... ပထမဆုံး ကတ်ကို ဘယ်ဘက်အစွန်မှာ၊ ဒုတိယကတ်ကို အလယ်မှာ၊ တတိယကတ်ကတော့ ညာအစွန်မှာပေါ့။ အဲဒီအခါမှာ သင်တွေ့ရမှာက အနီနဲ့ အနက်ရောင် ကတ်ပြားတွေရဲ့ ကျရောက်မှုပေါ့... ကျောင်းတုန်းက သင်္ချာကို သင်မမေ့သေးဘူးဆိုရင် ကတ်ပြား ၃ ချပ်နဲ့အတူ အနီနဲ့ အနက်ကျရောက်မှုအရ စုစုပေါင်း ဖြစ်နိုင်ချေ ၈ ခု ရှိတာကို သင်တွေ့ပါလိမ့်မယ်။ အဲဒီ ပထမအဆင့် ဖြစ်နိုင်ချေ ၈ မျိုးကို အောက်မှာ ခင်းကျင်းပြထားပါတယ်။ `ပထမဆုံး မှတ်ထားပါ... အနီကောင်းလို့ အနက်ဆိုးတာ´ ဆိုပြီး ပထမ အဆင့်အတွက် ဆိုခဲ့တဲ့ ကဗျာပိုဒ်လေးကို ဒီနေရာမှာ ပြန်သတိရရင်တော့ သုံးချပ်တွဲ အဓိပ္ပာယ်တွေက သင့်အတွက် ခက်ခဲမှာ မဟုတ်ပါဘူး။


နီ - နက် - နက်
အစပိုင်း မဆိုးသော်လည်း တဖြည်းဖြည်း အဆိုးဘက်သို့ ပြောင်းလာခြင်း

နက် - နက် - နီ
အမှောင်ထဲမှ ထွက်ပေါ်လာသော အလင်းစလေး တစ်စ

နီ - နီ - နက်
ရှေ့လက်တစ်ကမ်းမှာ ပြဿနာကြုံဖို့ ရှိခြင်း

နက် - နီ - နီ
ပြဿနာပြေလည်သွားပြီး အခြေအနေတွေ တိုးတက်လာခြင်း

နီ - နက် - နီ
ပြဿနာနှင့် နှောင့်နှေးမှု အနည်းငယ် ရှိသော်လည်း ပြေလည်သွားခြင်း

နက် - နီ - နက်
ယာယီ သွေးအေးခြင်း၊ ငြိမ်းချမ်းခြင်းမှာ အပေါ်ယံသာဖြစ်ပြီး သတိပြုရမည့် အခြေအနေ ဖြစ်ခြင်း

နီ - နီ - နီ
အရာအားလုံး အဆင်ပြေချောမွေ့နေခြင်း

နက် - နက် - နက်
ပြဿနာနှင့် အခက်အခဲများ ပြည့်နေခြင်း

တစ်ချပ်တည်း ရပ်တည်နေတဲ့ ဖဲချပ်တစ်ချပ်ဟာ အထီးကျန်ဆန်နေတဲ့ လူတစ်ယောက်လိုပါပဲ။ လှုပ်ရှားမှုမဲ့ အသက်မဲ့နေမှာ အသေအချာပါပဲ။ ဒါကြောင့် ဖဲဗေဒင်ကို လေ့လာမယ်ဆိုရင် တွဲဖက်အဟောတွေကို မေ့ထားလို့ မရပါဘူး။ အဲဒါကို အမြဲတမ်း သတိထားပြီး ဖဲချပ်တွေရဲ့ ပေါင်းစပ်မှုကို လေ့လာကြမယ် ဆိုရင်ဖြင့် ဖဲဗေဒင်ကို အလွယ်တကူ တတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။

ဒုတိယအဆင့် ဥပဒေသအပေါ် အသေးစိတ် လေ့လာခြင်း

ဒုတိယအဆင့်ကတော့ အပွင့် (Suit) တစ်ခုချင်းဆီကို အသေးစိတ် လေ့လာခြင်း ဖြစ်ပါတယ်။ ဒါဟာ ပထမဆင့်ပေါ်မှာ ထပ်လောင်းပြီး အဓိပ္ပာယ် ပိုမိုရှာဖွေလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ဖြစ်နိုင်ချေ ပေါင်းစပ်မှုတွေ အများကြီး ရှိပေမယ့် အကုန်လုံးကို မလေ့လာတော့ပါဘူး။ နမူနာ ဥပမာ အနည်းငယ်ကိုသာ လေ့လာပါမယ်။ ကျန်တာကိုတော့ သင့်ရဲ့ အားထုတ်ပျော်ဝင်မှုနဲ့ အတူ ယခင်အခေါက်က ပြောပြခဲ့တဲ့ ကဗျာလေးနဲ့အတူ ပေါင်းစပ်လေ့လာရင်ဖြင့် အလွယ်တကူ တတ်မြောက်ပါလိမ့်မယ်။

ဒီနေရာမှ တစ်ခု ဖြည့်ပြောချင်တာကတော့ ကတ်ပြားသုံးချပ်ကို ဘယ်မှညာ အဓိပ္ပာယ်ကောက်ယူတဲ့အခါ ပထမဆုံးကတ်ရဲ့ အပွင့်က သင် ဘယ်ကိုရောက်နေခဲ့လဲ ဆိုတာကို ပြဆိုပြီး... ဒုတိယကတ်ကတော့ သင်ယခု ရှိနေတဲ့ နေရာကို ပြဆိုတာပါ။ တတိယကတ်ရဲ့ အပွင့်ပုံစံကတော့ ရှေ့က ကတ် နှစ်ခုရဲ့ အကျိုးဆက်ကြောင့် သင် ဘယ်ကို ရောက်မယ်ဆိုတာကို ပြဆိုတာပါ။ ဒါ့အပြင် တတိယကတ်ဟာ အရေးအပါဆုံးဖြစ်တာကြောင့် အလေးအနက်ထားပြီး လေ့လာသင့်ပါတယ်။


(Source: http://www.rajunasrefuge.com/spread1.jpg)


ပထမဆုံးအနေနဲ့ ပြဿနာကို ကိုယ်စားပြုတဲ့ စပိတ်ကတ်ပြားတွေ ထိပ်ပိတ်မှာ ရှိနေခြင်းရဲ့ ပေါင်းစပ်မှုကို လေ့လာကြည့်ရအောင်...

: နှလုံးသားရေး ပြဿနာ

: ငွေကြေးပြဿနာ

♠ ♣ ♠: ရည်မှန်းချက် ပြဿနာ၊ လှုပ်ရှားရန် နှေးဖင့်ခြင်း၊ စိတ်မွန်းကြပ်ခြင်း

♠ ♠ ♠: ပြဿနာ၊ ပြဿနာပေါင်း သောင်းခြောက်ထောင်

ထိပ်ဆုံး ဥပမာ ၂ ခုက ပထမအဆင့် ဖွင့်ဆိုချက်ထဲက... နက် - နီ - နက် ပုံစံဖြစ်တဲ့အတွက် ဘာကို ပြဆိုသလဲဆိုရင်... နှလုံးသားနဲ့ ငွေကြေး ပြဿနာကို ပြဆိုပြီး ခု လောလောဆယ်မှာ ပြဿနာတွေ သွေးအေးနေပြီး ယာယီ ငြိမ်းချမ်းနေတာကို ပြဆိုတာပါ။ ဒီအချိန်မှာ ပြဿနာတွေ ပြီးသွားပြီလို့ ယူဆလို့ မရပါဘူး၊ ခဏတဖြုတ် ရပ်တန့်နေတာလို့ပဲ ပြောရပါလိမ့်မယ်။

နောက်ထပ် ဥပမာ ၂ ခုကတော့ နက် - နက် - နက် ပုံစံဖြစ်တဲ့အတွက်... ပြဿနာတွေ စိတ်ညစ်မှုတွေ တောက်လျှောက်ဖြစ်နေတာကို ပြဆိုပါတယ်။ အလယ်မှာ ညှင်း ပုံစံရှိတဲ့ အတွဲကလည်း ပြဿနာတွေက ဝေးကွာနေတယ်လို့ မယူဆနိုင်ပါဘူး။ အလုပ်အကိုင် အကြံစည်ကို ပြဆိုတဲ့ ညှင်းကတ်ပြားက ကံကြမ္မာ မေးသူအတွက် နောက်ထပ် ပြဿနာတွေ မလာခင် ပိုပြီး အင်အားစိုက်ထုတ် လုပ်ကိုင်ရမှာကို ပြဆိုနေတာပါ။

စပိတ်ကို ထိပ်ပိတ်အနေနဲ့ ထားတဲ့ ဥပမာကို သဘောပေါက်ရင် အခြားသော အပွင့်တွေကို ထိပ်ပိတ်အနေနဲ့ ထားတာကို အလွယ်တကူ သဘောပေါက်ပါလိမ့်မယ်။ အဲဒီအခါမှာလည်း အနီကောင်း၊ အနက်ဆိုး ဆိုတဲ့ ပထမဆုံး ဥပဒေသကို မေ့မထားသင့်ပါဘူး။

: အလုပ်များပိနေသော်လည်း ငွေအရနည်းခြင်း

: ငွေရှာခြင်း ကိစ္စသို့မဟုတ်၊ ငွေကြေးနှင့် ပတ်သက်သော အလုပ်အကိုင်

♥ ♦ ♥: ရက်ရော ပွင့်လင်းသော နှလုံးသား

♦ ♥ ♦: ချစ်ခင်သူနှင့်အတူ လုပ်အားခ အသီးအပွင့်များကို ခံစားခြင်း

: ငွေကြေးပြဿနာကို ကျော်လွှားနိုင်ခြင်း

: စိတ်နှင့် ပတ်သက်သော ပြဿနာကို ကျော်လွှားနိုင်ခြင်း

♣ ♠ ♣: အလုပ်အကိုင်၊ ကိုယ်ရေးကိုယ်တာ အခက်အခဲအား ကျော်လွှားနိုင်ခြင်း


ဆက်လက်ပြီး စပိတ်ပါတဲ့ သုံးချပ် အတွဲတွေကို လေ့လာကြည့်ရအောင်။

: ဖြေရှင်းရင်း စိတ်၊ နှလုံးသားပြဿနာ ရခြင်း

: စိတ်၊ နှလုံးသားပြဿနာကို ဖြေရှင်းနိုင်ခြင်း

♠ ♣: စိတ်ပြဿနာအား ဖြေးညှင်းစွာ ဖြေရှင်းခြင်း

ဒီနေရာမှာ သတိပြု လေ့လာရမယ့် အချက်တွေကို တွေ့နိုင်ပါတယ်။ ပထမဆုံးနမူနာမှာ စပိတ်နဲ့ ဆုံးတဲ့အတွက် ပြဿနာဆီကို ဦးတည်တာကို ပြဆိုပြီး... ဒုတိယ နမူနာမှာတော့ စပိတ်ကတ်က အရင်ဆုံး ကျတဲ့အတွက် ပြဿနာကို ကျော်လွှားနိုင်တာကို ပြဆိုပါတယ်။ နောက်ဆုံး နမူနာမှာတော့ စပိတ်က အလယ်မှာ ဖြစ်တဲ့အတွက် ပြဿနာကို ကျော်လွှားနိုင်မယ် ဒါပေမယ့် စပိတ်က အလယ်မှာ ဖြစ်တဲ့အတွက် သင့်ရဲ့ အားထုတ်မှုကို နှေးကွေးစေမှာတော့ အမှန်ပဲ။ အထက်က နမူနာတွေထဲက အသည်းပုံတွေကို ဒိုင်းမွန်းပုံနဲ့ အစားထိုးကြည့်မယ် ဆိုပါတော့...

: ဖြေရှင်းရင်း ငွေကြေးပြဿနာနှင့် ရင်ဆိုင်ရခြင်း

: ငွေကြေးပြဿနာအား ဖြေရှင်းနိုင်ခြင်း

♠ ♣: ငွေကြေးပြဿနာကို နှေးကွေးစွာ ဖြေရှင်းနိုင်ခြင်း


နောက်ထပ် ဥပမာတွေ ထပ်လေ့လာကြည့်ရအောင်။ ဒီတစ်ခါမှာတော့ ညှင်း (Club) ပုံကို ထိပ်ဆုံးမှာ တွေ့ရပါမယ်။

♣ ♠ ♠: ဖြေရှင်းရင်း လမ်းမှားရောက်သွားခြင်း၊ ရှေ့မှာ အတားဆီးများ ရှိခြင်း

♦ ♦: ငွေကြေးအောင်မြင်မှုအတွက် နည်းလမ်းမှန်စွာ ဖြေရှင်းနိုင်ခြင်း

♥ ♥: စိတ်ခံစားမှု၊ နှလုံးသားပြဿနာများအား မှန်ကန်စွာ ဖြေရှင်းနိုင်ခြင်း

တကယ်လို့ ၃ ချပ်တွဲမှာ အသည်းပုံနဲ့ အဆုံးသတ်ခဲ့တယ်ဆိုရင် တကယ်ကို ကောင်းတဲ့ လက္ခဏာပါ။ သုံးချပ်ထဲက ရှေ့နှစ်ချပ်က ဘာပဲဖြစ်နေပါစေ... စိတ်ဖိစီးမှု၊ ငွေကြေးပြဿနာ ဘာပဲဖြစ်ဖြစ်ပါ... အသည်းပုံ ကတ်ပြား အဆုံးသတ်မှာ ပြရင်ဖြင့် ပြဿနာတွေကို လွယ်ကူ အေးဆေးစွာ ဖြေရှင်းနိုင်မယ် ဆိုတာပါပဲ။ နမူနာအနေနဲ့...

: ငွေကြေးပြဿနာအား လွယ်ကူစွာ ကျော်လွှားနိုင်ခြင်း

ဒီနမူနာကို စောစောက ပြခဲ့ဖူးတဲ့ ဥပမာ တစ်ခုဖြစ်တဲ့... ♠ ♣ နဲ့ နှိုင်းယှဉ် ကြည့်ပါမယ်။ အသည်းပုံနဲ့ အဆုံးသတ်တဲ့ အတွက် အလွယ်တကူ ဖြေရှင်းနိုင်ပေမယ့်... ညှင်းပုံနဲ့ အဆုံးသတ်ရင်ဖြင့် ပြေလည်ဖို့ နှေးကွေးပြီး ပိုမို အားစိုက်ထုတ်ရမှာကို ပြဆိုတာပါ။

ဒုတိယအဆင့် ဥပဒေသနဲ့ ပတ်သက်တဲ့ နမူနာတွေကို ဒီမှာပဲ အဆုံးသတ်ချင်ပါတယ်။ ထပ်မံပြီး သတိပေးချင်တာကတော့ အပွင့်တစ်ခုချင်းဆီရဲ့ အဓိပ္ပာယ်တွေကို နားလည်ပြီဆိုရင် ဘယ်ကနေညာ စီစဉ်ထားတဲ့ အနေထားကို ကြည့်ပြီး အဓိပ္ပာယ် ဖွင့်ဆိုတာပါပဲ။ ပထမဆုံး အရောင်ကို ကြည့်မယ်၊ ပြီးရင်တော့ အပွင့်တစ်ခုချင်းဆီရဲ့ အစီအစဉ်ကို ကြည့်မယ်ဆိုရင်ဖြင့် အလွယ်တကူပဲ အဓိပ္ပာယ်ဖွင့်ဆို နိုင်ပါလိမ့်မယ်။

ဒီမှာတော့ ပထမအဆင့်နဲ့ ဒုတိယအဆင့်တွေကို ဘယ်လို အသေးစိတ် အဓိပ္ပာယ်ကောက်ရမယ်ဆိုတာကို ပြောပြထားပါတယ်။ နောက်ပို့စ်မှာတော့ တတိယအဆင့်ဖြစ်တဲ့ နံပါတ် တစ်ခုချင်းစီရဲ့ အဓိပ္ပာယ်နဲ့ ဘယ်လို ပေါင်းစပ်ပြီး ဟောရမယ်ဆိုတဲ့ ဥပဒေသကို ပြောပြသွားပါမယ်။

အဆင်ပြေမည်ဟု မျှော်လင့် ယုံကြည်လျက်
အုပ်စိုး

References:
http://www.c-cartomancy.net/
http://www.hedgewytchery.com/cartomancy.html
http://www.serenapowers.com/playingcards2.html
http://www.cafeastrology.com/fortunetellingcards.html
http://www.secondhand-souls-4occult.com/cartomancy.html
Read more...

Monday, November 9, 2009

ဖဲဗေဒင် အကြောင်း သိကောင်းစရာ (၁)

| | 0 comments


(Source: http://blogs.tampabay.com/biking/2008/02/where-did-bicyc.html)

Cartomancy ဆိုတဲ့ ကစားစရာဖဲချပ် (Playing Card) တွေကို ဖတ်ပြီး အနာဂတ်ကို ဖော်ထုတ် အဖြေရှာတာဟာ စုန်းတွေ၊ ဂျစ်ပစီတွေ၊ နိမိတ်ဖတ်ဆရာတွေ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာ ကတည်းက အသုံးပြုလာတဲ့နည်းပါ။ သာမန် ကစားတဲ့ ဖဲချပ်တွေဟာ သူ့ရဲ့ မိခင်လို့ သတ်မှတ်ထားတဲ့ တားရော့လောက် သင်ယူစရာ... လေ့လာစရာ မကောင်းတာတော့ အမှန်ပါ။ ဒါပေမယ့်လည်း ကလေးငယ် တစ်ယောက်ရဲ့ နှုတ်က လွတ်လပ် ပွင့်လင်းတဲ့ အတွေးအမြင်တွေ ကို ကြားရသလိုပါပဲ... သာမန်ဖဲထုပ်တစ်ခုနဲ့ ကံကြမ္မာကို ဖတ်ကြားတာဟာ တနည်းတဖုံတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်လို့ ယူဆပြီး တချို့ နိမိတ်ဖတ်ဆရာတွေက အသုံးပြုနေဆဲ ဖြစ်ပါတယ်။

သာမန် ဖဲထုပ်နဲ့ ကံကြမ္မာကို ဖတ်ကြားတာရဲ့ အားသာချက်ကတော့ အခြားသော ကံကြမ္မာဖတ် ဖဲထုပ်တွေလို ခက်ခက်ခဲခဲ ရှာဝယ်စရာ မလိုဘဲ လူတိုင်းနဲ့ လက်လှမ်းမီတဲ့ အချက်ပါပဲ။ ဒါပေမယ့် အခြားတစ်ဘက်မှာတော့ တားရော့လိုပါပဲ သူတို့မှာ တိကျ သေချာတဲ့ စနစ်နဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ ရှိနေတယ် ဆိုတာကို သိထားသင့်ပါတယ်။ အဲဒါကို သင့်လက်တစ်ကမ်းမှာ ရှိတဲ့ သာမန် ဖဲထုပ်တစ်ထုပ်ကို ယူပြီး သင်ရှာဖွေနိုင်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့ အလွယ်တကူဝယ်လို့ ရတဲ့ Standard Deck of Playing Cards ဆိုတဲ့ သာမန် ဖဲထုပ်ကတော့ Anglo-American Playing Cards ဆိုတဲ့ အင်္ဂလိပ်နဲ့ အမေရိကန်တွေက စတင်အသုံးပြု ကစားခဲ့တဲ့ ဖဲထုပ်ပါပဲ။

အသေးစိတ်ကို သိချင်ရင်တော့... http://en.wikipedia.org/wiki/Playing_card မှာ ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

သာမန်ဖဲထုပ်တစ်ထုပ်မှာ ဂျိုကာဖဲချပ်ကို ဖယ်လိုက်ရင် စုစုပေါင်း ၅၂ ချပ် ရှိပါတယ်။ သူ့ရဲ့ မိခင် တားရော့ဖဲထုပ်မှာတော့ Minor Arcana က ၅၆ ချပ် ရှိပါတယ်။ ကွာခြားချက်ကတော့ တားရော့ ဖဲထုပ်မှာ ပါတဲ့ Knight ကတ်ပြား ၄ ချပ်ကို သာမန် Standard ဖဲထုပ် တစ်ထုပ်မှာ ထည့်သွင်းမထားခြင်းပါပဲ။ သာမန်ဖဲထုပ် တစ်ထုပ်မှာသတ်မှတ်ထားတဲ့ အနီရောင်က နေ့ဘက်ကို ကိုယ်စားပြုပြီး အနက်ရောင်က ညဘက်ကို ကိုယ်စားပြုပါတယ်။

သာမန်ဖဲထုပ်မှာ ပါတဲ့ သင်္ကေတတွေနဲ့ တားရော့ သင်္ကေတတွေ ဆက်စပ်ပုံကတော့ အောက်က ပုံအတိုင်းပါပဲ။


(Source: http://occultview.com/2009/02/14/tarot-symbolism-and-spirit-elementals/)

သာမန် ဖဲထုပ်တစ်ထုပ်ဟာ တားရော့က ဆင်းသက်လာတယ်ဆိုပေမယ့် သူ့မှာ တားရော့နဲ့ မတူကွဲပြား ထူးခြားတဲ့ အချက်တွေ ရှိနေပါတယ်။ တားရော့မှာ Page, Knight, Queen, King ဆိုပြီး လူရုပ်ကိုယ်စားပြုတာ ၁၆ ချပ်ရှိပေမယ့်... သာမန်ဖဲထုပ်မှာ အရုပ်ပုံ ရိုက်ထားတဲ့ ကတ်ပြား (Jack, Queen, King) စုစုပေါင်း ၁၂ ချပ်သာ ရှိပါတယ်။ အဲလိုပါပဲ တစ်နှစ်မှာ ၁၂ လ ရှိပါတယ်။ သာမန် ဖဲထုပ်မှာ ရှိတဲ့ ကတ်ပြားပေါင်း ၅၂ ချပ် (ဂျိုကာဖဲ မပါ) ဟာ... တစ်နှစ်မှာ ၅၂ ပတ် ရှိတာနဲ့ သွားပြီး တိုက်ဆိုင်ပါတယ်။

နောက်ထပ် ထူးခြားတာကတော့ အဆိုပါ လူရုပ်ပုံကတ်ပြားတွေဟာ သမိုင်းဝင် ပုဂ္ဂိုလ်တွေကို ထည့်သွင်းရေးဆွဲထားခြင်းပါ။ The King of Hearts က Charlemagne ကို ကိုယ်စားပြုပြီး the King of Diamonds ကတော့ Julius Caesar ဖြစ်ပါတယ်။ the King of Clubs က Alexander the Great နဲ့ the King of Spades ကတော့ Holy Bible ထဲက King David ကို ရေးဆွဲထားတာဖြစ်ပါတယ်။



(Source: http://www.dreamstime.com/stock-photography-jack-king-queen-of-spades-vector-image9078262)

Diamond, Heart, Club, Spade ဆိုတဲ့ သင်္ကေတ လေးခုကတော့ လမင်းရဲ့ သွင်ပြင်လက္ခဏာတွေဖြစ်တဲ့ လဆန်း၊ လပြည့်၊ လဆုတ် နဲ့ လကွယ် တို့ကို ကိုယ်စားပြုတာပါ။ ဒါ့အပြင် အဆိုပါ သင်္ကေတ လေးခုက Spring, Summer, Autumn, Winter ဆိုတဲ့ ရာသီ ၄ ခုကို ကိုယ်စားပြုတယ်လို့ အချို့က သတ်မှတ်ထားပြီး... သင်္ကေတ တစ်မျိုးဆီမှာ ဖဲချပ် ၁၃ချပ် ရှိခြင်းက ရာသီ တစ်ခုဆီမှာ အပတ်ပေါင်း ၁၃ပတ် တိတိ ရှိတာကို ကိုယ်စားပြုပါတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်... ဖဲထုပ်မှာ ပါတဲ့ ကတ်ပြား ၅၂ ချပ်က နံပါတ်တွေကို ပေါင်းကြည့်မယ် ဆိုပါဆို့။ Ace ကိုတော့ နံပါတ် ၁ အနေနဲ့ Jack, Queen, King တွေကိုတော့ ၁၁၊ ၁၂၊ ၁၃ အနေနဲ့ သတ်မှတ်ပြီး ပေါင်းကြည့်မယ်ဆိုရင် စုစုပေါင်း တန်ဖိုး ၃၆၄ (၉၁ x ၄) ရတာကိုတွေ့ရပါလိမ့်မယ်။ ဒါဟာ တစ်နှစ်မှာ သတ်မှတ်ထားတဲ့ ၃၆၅ ရက်ထက် ၁ ရက်ပဲ လျော့တာပါ...။ ဒါကို ကြည့်ခြင်းဖြင့် တချို့က သာမန် ဖဲထုပ်တစ်ထုပ်ကို တားရော့ကနေ ပြောင်းလဲပြီး ၅၂ ချပ်သတ်မှတ်ခြင်းဟာ နေနဲ့ လရဲ့ စနစ်တွေကို ထည့်သွင်းခြင်း ဖြစ်တယ်လို့ ကောက်ချက်ချကြပါတယ်။

အထက်က အချက်တွေကို ထောက်ရှုခြင်းအားဖြင့် သာမန်လက်ခံထားတဲ့ Playing Card Deck တစ်ခုဟာလည်း သာမန်မဟုတ်ဘူးလို့ ယူဆရပါလိမ့်မယ်။ အဲလိုပါပဲ ဖဲထုပ်နဲ့ ကံကြမ္မာဖတ်တဲ့အခါ သာမန်ကာလျှံကာ ဖတ်မယ်ဆိုရင်လည်း သာမန်ထက် နက်နဲတဲ့ အဓိပ္ပာယ်တွေ သိမြင်မှုတွေကို ရရှိမှာ မဟုတ်ပါဘူးလို့ ကောက်ချက်ချနိုင်ပါတယ်။ ဒီတော့ ဖဲထုပ်နဲ့ ကံကြမ္မာ စဖတ်ကြမယ်ဆိုပါစို့... အဲလိုဖတ်မယ်ဆိုရင်... အပိုင်း ၃ ပိုင်းရှိပါလိမ့်မယ်။ ဒီတော့ ဖဲဗေဒင်ကို ဟောကြားမယ့်သူဟာ အပိုင်း ၃ ပိုင်းစလုံးကို ကျွမ်းကျင်ရပါလိမ့်မယ်... တစ်ပိုင်းပိုင်းမှာ ရပ်ပြီး လေ့လာ ဖတ်ကြားလို့ မရပါဘူး...။

ဒီအပိုင်း ၃ ပိုင်းကို အလွယ်မှတ်တဲ့ အနေနဲ့ ကဗျာလေး တစ်ပုဒ်ကို ရွတ်ဆိုကြည့်ရအောင်...

`အပျင်းစွဲတဲ့ ဖဲချပ်ကဗျာ´

ပထမဆုံး မှတ်ထားပါ
အနီကောင်းလို့ အနက်ဆိုးတာ

ဒုတိယအချက် အလွယ်လေး
အပွင့်တစ်ခုစီ ရှင်းပြပေး
အသဲပုံက ချစ်မေတ္တာ၊ မိသားစုနဲ့ သူငယ်ချင်းပါ
ဒိုင်းမွန်းဆိုတော့ ငွေကြေးပေါ့ စီးပွားရေးနဲ့ ဆိုင်တာပေါ့
ညှင်းပွင့်ပြိုင်ဆိုင် အလုပ်အကိုင်၊ စီမံမှုနဲ့ဆိုင်
စပိတ်ပုံနောက် ကောင်းတာပျောက် ပြဿနာတွေရောက်

တတိယအချက် မှတ်ကြပါ နည်းနည်းရှုပ်လို့ပါ
နံပါတ်တစ်ခုဆီ ရှင်းမယ်လေး တစ်ကနေ ကင်းအထိ တွေး
၁ ဆိုတာက အစပါ၊ ၂ က ဖလှယ်မှုပါဗျာ
၃ ဆိုတာက တိုးတက်မှု၊ ၄ က တည်ငြိမ်မှု
နံပါတ် ၅ က ကိုယ်ခန္ဓာ ကျန်းမာရေးလည်းပါ
နံပါတ် ၆ က လမ်းပြပေး သွားမယ့် ရှေ့ခရီးအဝေး
၇ ကျတော့ ပြဿနာ၊ ၈ က တွေးခေါ်တာ
၉ က ဆိုတာ အပြောင်းအလဲ၊ ၁၀ အဆုံးသတ်ပဲ
ဂျက်ဆိုတာက ဖြတ်လတ်တာ နုနယ် ပျိုရွယ်မှုလည်းပါ
ကွင်းဆိုတာက မိန်းမမို့ မှန်ကန်မှုနဲ့ သက်ဆိုင်လို့
ကင်းဆိုတာကျ ယောက်ျားပါ ခွန်အားကြီးခြင်းတွေရှိတာ
တစ် ကနေ ကင်း မှတ်မိညား အလွယ်တကူ ဟောပါဗျား
အထက်က သုံးချက် မမေ့အပ်ပါ ဖဲချပ်ဗေဒင် တွက်တဲ့အခါ
တစ်နေ့သုံးခါ ရွတ်ဆိုပေး အပျင်းစွဲတဲ့ ဖဲကဗျာလေး

အထက်က ကဗျာလေးရဲ့ မူရင်း အင်္ဂလိပ် ကဗျာကတော့ ဒီမှာပါ။

'For the Witch of Poor Memory'

The firstmost rule is easily had:
Red cards are good and black cards are bad.

The secondmost rule shall bring greater fruits:
It deals with the meanings of each of the suits.
The Hearts count as love, family, and friends.
Diamonds are money, wealth, means, and ends.
Clubs shall mean work, callings, and plans,
And Spades are the troubles that plague every man.

The thirdmost rule toward number inclines;
Just note the card’s pip and read here their signs:
An Ace brings beginnings,
And Two gives exchange,
Three shows things growing,
But Four does not change.
Five is the body,
Its health and its stead,
Six shows a path
That the Seeker shall tread.
Seven brings troubles
That Fate has assigned,
While Eight shows ideas
And thoughts in the mind.
Nine heralds changes,
And Ten is the end,
While Kings are the symbols
Of power and men.
Queens are the emblems
Of women and truth,
A Knave is a message,
A girl, or a youth.

(Source: http://www.hedgewytchery.com/cartomancy.html)

နောက်အခန်းတွေမှာတော့ အထက်က အပိုင်း တစ်ပိုင်းချင်းစီကို အသေးစိတ် ဘယ်လိုကြည့်ပြီး ဟောမလဲ ဆိုတာကို ပြောပြသွားပါမယ်။

အဆင်ပြေမည်ဟု မျှော်လင့် ယုံကြည်လျက်
အုပ်စိုး

References:
http://en.wikipedia.org/wiki/Tarot
http://www.hedgewytchery.com/cartomancy.html
http://occultview.com/2009/02/14/tarot-symbolism-and-spirit-elementals/
http://www.avivadirectory.com/trivia/163-interesting-facts-about-playing-cards
http://andrewjspeirs.wordpress.com/2009/10/27/10-interesting-facts-about-a-standard-deck-of-playing-cards/
Read more...

Sunday, September 13, 2009

ကြုံရ ဆုံရ ဘ၀ တွေနဲ့  တားရော့ခရီး (၂ )

| | 0 comments



တားရော့နဲ့ အချိန် ကာလ ကို ခန့် မှန်းခြင်း

တားရော့ ဟောရင် ကြုံရတဲ့ ပြသနာတခုရှိပါတယ် ။ အဲ့ဒါဘာလဲဆိုတော့
'' ဘယ်တော့လဲ ဘယ်အချိန်လဲ ''ဆိုတဲ့ မေးခွန်းကိုဖြေဖို့ ပါ ။
ကျွန်မရဲ့ အတွေ့ အကြုံအရတော့ တားရော့ရဲ့ အဟောက သိပ်ဝေးဝေးတော့ မသွားတတ်ပါဘူး။ မြန်ဆန်တတ်ပါတယ် ။
ဒါပေမယ့် ကျွန်မ လေ့လာ တွေ့ ရှိသမျှ ပုံသေနည်းခေါ်မလား အချိန်အပိုင်းအခြား ခန့် မှန်းတာ ကို ရေးပါ့မယ် ။


ပထမဆုံး ဒင်္ဂါး ၊ တုတ် ၊ ခွက် ၊ ဓား တို့ ရဲ့  ကိုယ်စားပြုတဲ့ အချိန်တွေက စပါ့မယ် ။

• ဒင်္ဂါး ( Pentacles ) - နှစ်
• တုတ် ( Wands ) - လ
• ခွက် (Cups)- ရက်သတ္တပတ် (သို့ မဟုတ်) ရက်ပိုင်း
• ဓား ( Swords) - ရက် (သို့ မဟုတ်) နာရီ
လို့ ယေဘူယျ သတ်မှတ်ပါတယ် ။

အဲ့ဒီ နောက်မှာ ဘယ်လိုဆက်လက် ယူဆရလဲဆိုတော့ .....

• Ace of Pentacles ဆိုရင် … ယေဘူယျ အားဖြင့် တနှစ်
• Ace of Wands ဆိုရင် … ယေဘူယျ အားဖြင့် တလ
• Ace of Cups ဆိုရင် .. ယေဘူယျအားဖြင့် တပတ်
• Ace of Swords ဆိုရင် ယေဘူယျအားဖြင့် တရက်
စသည်ဖြင့်တွက်ချက်ယူဆနိုင်ပါတယ် ။

အဲ့ဒီ သဘောတရားအရ ..
• six of Pentacles ဆိုရင် … ယေဘူယျ အားဖြင့် ခြောက်နှစ်
• six of Wands ဆိုရင် … ယေဘူယျ အားဖြင့် ခြောက်လ စသည်ဖြင့် အလားတူ ယူဆနိုင်ပါတယ် ။

အဲ့ဒီနေရာမှာ Queen နဲ့ King ( ဥပမာ .. Queen of Pentacles , King of Cups စသည်ဖြင့်) ဆိုရင်တော့ ရုတ်တရက်
ချက်ခြင်း မကြာခင် ဖြစ်ပေါ်တတ်တယ်လို့ ဆိုပါတယ် ။

နောက်ထပ် ယူဆချက် တရပ်ကတော့ ..

• Pentacles (ဒင်္ဂါး ) - နွေဦးပေါက်
• Wands ( တုတ်) - နွေရာသီ
• Cups ( ခွက် ) - ဆောင်းဦးပေါက်
• Swords ( ဓါး ) - ဆောင်းရာသီ
ဆိုပြီးတော့ လည်းခန့် မှန်းနိုင်ပါတယ် ။

ဒါပေမယ့် ကျွန်မရဲ့ တားရော့ ခရီး ပထမပိုင်းမှာ ရေးခဲ့သလိုပဲ တားရော့ ဟောကြားရာမှာ ဟောကြာသူအပေါ် အများကြီး မူတည်တဲ့အတွက် အဲ့ဒီ အယူအဆတွေ ဟာလည်း ဟောကြားသူအပေါ်မှာပဲမူတည်ပါလိမ့်မယ် ။

ဥပမာ - ဒီတလအတွက် ၃ချပ် တွက်နည်းနဲ့ ခန့် မှန်းမယ်ဆိုပါစို့  ။

အဲ့ဒီအခါ ပထမ တချပ်က ပထမ ၁၀ရက် ၊ ဒုတိယ တချပ်က ဒုတိယ ၁၀ရက် စသည်ဖြင့် လည်း ကိုယ့်ဘာသာ ယူဆလို့ ရပါတယ် ။
ဒါပေမယ့် တခါတရံမှာ ဘယ်တော့ အိမ်ထောင်ကျမလဲ ။ ဘယ်တော့ ဘာဖြစ်မလဲ စသည်ဖြင့် နောင်နှစ် ပေါင်းများ စွာ အတွက်
သိချင်တဲ့ လူတွေကို အထက်ဖော်ပြပါ ခန့် မှန်းနည်းတွေကို သုံးပေးနိုင်ပါတယ် ။
တားရော့က အချိန်ကာလ အကြာကြီးအတွက် မခန့် မှန်းနိုင်ဘူးဆိုတာတော့ မဟုတ်ပါဘူး ။
ခန့် မှန်း လို့ ရပါတယ်။ နည်းလမ်းတွေလည်း ရှိပါတယ် ။ ဒါပေမယ့် ဟောရဲဖို့ သာလိုပါတယ် ။
Read more...

Thursday, August 27, 2009

ကြုံရ ဆုံရ ဘ၀ တွေနဲ့  တားရော့ခရီး (၁)

| | 2 comments

ကျွန်မ သိသော Tarot

ပိုစ့်အသစ် မရေးဖြစ်တာလည်း ကြာပြီမို့ လို့  ဘာရေးရမလဲ စဉ်းစားရင်း ခေါင်းစဉ် တပ်လိုက်တာပါ ။

စာဖတ်သူများ တောင်းဆိုထားတဲ့ Spread ( ကဒ်ဖြန့် ကျက်ခြင်း) တွေ အကြောင်း ကို မရေးခင် ပဏာမ အနေနဲ့ စပြီး ကျွန်မ နဲ့ တားရော့ အကြောင်း စပြီး ရေးသားလိုပါတယ်။


တားရော့အကြောင်း

တားရော့ အကြောင်း ကိုတော့ ကိုချမ်းမြေ့ဦး က ဒီလိုပြောပါတယ်။ စိတ်ဝင်စားလျှင်အောက်ပါ လင့်ခ်များမှာ သွားကြည့်နိုင်ပါတယ်။ အခြား အယူအဆကွဲများကိုလည်း လေ့လာလျှင် တွေ့နိုင်ပါလိမ့်မယ်။

>> တားရော့၏မှတ်တိုင်များ (သို့မဟုတ်) တားရော့၏သမိုင်း

>> တားရော့ဆိုတာဘာလဲ


တားရော့ အမျိုးအစားပေါင်း လည်း များစွာရှိပါတယ်။

အပြည့်အစုံ စာရင်းကိုတော့ http://www.aeclectic.net/tarot/cards/list.shtml မှာ ဗဟုသုတ အနေနဲ့ သွားရောက်ကြည့် ရှု နိုင်ပါတယ်။


ကျွန်မ သုံးသော တားရော့များ

ကျွန်မ အသုံးပြုတဲ့ တားရော့ကတော့ လူသိအများဆုံး နဲ့ အသုံးအများဆုံး တားရော့ဖြစ်တဲ့ Rider White တားရော့ဖြစ်ပါတယ်။ နောက်လေ့လာဖို့ စိတ်ကူးရှိတဲ့ တားရော့ကတော့ Crow Magick Tarot ဖြစ်ပါတယ် ။

အခုအသုံးပြု နေတဲ့တားရော့ ကတော့ မြန်မာပြည်က ဆရာကြီး မင်းသိခ်ထုတ်ဝေခဲ့တဲ့ Rider White Tarot Deck ဖြစ်ပါတယ်။

2001 ခုနှစ်ကနေပြီးတော့ အခုအချိန်အထိ အဲ့ဒီ Rider White Tarot Deck ကို သွားလေရာနိုင်ငံ မှာယူသွားခဲ့ပါတယ် ။ အတော်ကြီးကို ဟောင်းနွမ်းနေပေမယ့် မြတ်မြတ်နိုးနိုး သုံးနေတုန်းပါပဲ ။


အယူအဆ ကွဲများ အကြောင်း

အရေးအကြီးဆုံးကတော့ တားရော့ Deck ကိုယ်တိုင်က အာနိသင်ရှိ မရှိဆိုတဲ့ အယူအဆ ဖြစ်ပါတယ် ။ တချို့ Tarot သမားများကတော့ တားရော့ ကိုယ်တိုင်က အာနိသင်မရှိလို့  ဆရာကြီး မင်းသိခ်ပြောခဲ့သလို ကိုယ်နဲ့ မကွာထားခြင်း ရွတ်ဖတ်သမှုပြုခြင်း တယုတယထားခြင်းများ အရေးမပါဘူးလို့ ဆိုပါတယ်။

တချို့ ကလည်း တားရော့ပုံတွေရဲ့ နောက်ကွယ် မှာ လေ့လာရင် လေ့လာသလို လျှို့ ဝှက်ချက်များကို တွေ့ရှိနိုင်ကြောင်း ယုံကြည်သလို မယုံကြည်သူများလည်းရှိပါတယ်။

အဲ့ဒီနောက်မှာ တားရော့မှာ စည်းမျဉ်း စည်းကမ်းများ ရှိ - မရှိ ကုလားဖန် ထိုးသင့် - မထိုးသင့် နဲ့ ရုပ်ပုံများကို ဖတ်ကြားရာမှာ အယူအဆ မတူခြင်းများ လည်း ညှိမရအောင် ကွဲပြားကြပါတယ် ။

ဒါပေမယ့် လူတိုင်းနီးပါး ယုံကြည်တဲ့ အချက်ကတော့ မိမိရဲ ကံကြမ္မာကိုဖတ်ရမှာ အံ့သြလောက်အောင် မှန်ကန် မှုပေးနိုင်တဲ့ နည်းတရပ် ဆိုတာတော့ အမှန်ပါပဲ။


တားရော့ ဗေဒင်ကို ဘယ်လို စဟောမလဲ

ပထမဆုံး တားရော့ဝယ်ပြီးတဲ့ နောက်မှာ ဆရာကြီး မင်းသိခ်ရဲ့ တားရာ့ဟောနည်း စာအုပ်အတိုင်း

ကိုယ်နဲ့ အတူတူထားအိပ်ခြင်း သွားလေရာ ယူဆောင်သွားခြင်းများ ပြုလုပ်ပါတယ် ။

အဲ့ဒီနောက်မှာ Major Card ၂၂ နဲ့ စပြီးဟောပါတယ်။

နှစ်အတော်အကြာလာမှ Major Card နဲ့  Minor Card မွေနှောက်

ပြီး အတိတ် လက်ရှိ အနာဂတ်ရယ်လို့ ၃ချပ်ဆွဲပြီး ၃ချပ်နည်း နဲ့ ဟောပါတယ်။


ဖြန့်ကျက်ခြင်း

လွန်ခဲ့တဲ့ နှစ်က ပဲ သင်ကြားပေးမယ့် ဆရာရလာပါတယ် ။ အဲ့ဒီမှာ ဖြန့်ကျက်ခြင်းပုံစံ ကဒ်အရေအတွက် အလိုက် ကုလားဖန် ထိုးခြင်း အရည်အတွက်လည်း မတူညီ ဘူးလို့ သင်ကြားခံရပါတယ်။

ဥပမာ - တားရော့ သုံးချပ် ဟောနည်းအတွက် ကုလားဖန် ( Shuffling ) အကြိမ်ရေ ၇ ခါ , Double Cutting အကြိမ်ရေ ၇ခါ အနည်းဆုံး လိုအပ်ပါသတဲ့ .. နောက်ထပ် ကဒ်ကို ဆွဲယူတဲ့နေရာမှာလည်း ယပ်တောင်ပုံဖြန် ၃ကြိမ် ကျက်ပြီးတော့ ၃ခါ အလည်က ဆွဲယူရပါတယ် ။ နောက်ပြီးရင် ပထမကဒ် ကို ချထားပြီးနောက် ဒုတိယကဒ်ကို ပထမကဒ်ရဲ့  ညာဘက်မှာ ချရပါတယ် ။ နောက် တတိယကဒ်ကို ဒုတိယ ကဒ်ရဲ့ ညာဘက်မှာထားရပါတယ် ။ (နောက်အလျဉ်းသင့်တဲ့အခါ အကျယ် ရေးပါ့မယ်)

အဲ့ဒီနေရာမှာ အဲ့ဒီလို အတိအကျ လုပ်ဖို့ မလိုအပ်တဲ့ လူများလည်းရှိနိုင်ပါတယ် ။ ဒါပေမယ့်လည်း

အငြင်းပွားဖို့ မလိုအပ်ပါဘူး ။ ဟောကြားသူရဲ့ ဆုံးဖြတ်ချက်သာ အရေးကြီးပါတယ်။

ကျွန်မ ကိုယ်တိုင်လည်း ကျွန်မ ဆရာရဲ့ ဖြန့် ကျက်နည်းတွေသာယူခဲ့ပြီး ကဒ်ပြား ရဲ့  အဓိပ္ပါယ် တွေကို မယူခဲ့ပါဘူး။ ဆရာမင်း သိခ်ရဲ့  အဓိပ္ပါယ် တွေသာ ဆက်လက် အသုံးပြုပါတယ်။


ကဒ်ပြားများကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း

တားရော့နဲ့ ပတ်သတ်တဲ့အယူအဆ များကွဲပြားခြင်းမှာ အဓိက အကျဆုံး ကွဲပြားချက်ကတော့ ကဒ်ပြားများရဲ အဓိပ္ပါယ်ဖွင့်ဆိုခြင်းပဲဖြစ်ပါတယ်။

မတူညီတဲ့ အယူအဆ တခုကို ဥပမာ ပြရရင် ကျွန်မ ဆရာရဲ့ အယူအဆမှာ

XVIII The Moon: Things mystic or magic come into play.

ဆရာမင်းသိခ်က

18 The moon - ရှုပ်ထွေးပြီး မတည်ငြိမ်တဲ့အခြေအနေ လိမ်ညာလှည့်စား ခံရခြင်း ။ပြသနာကြားမှ အမြတ်ထုတ်ခံရခြင်း ။ မမြင်နိုင်တဲ့ အန္တရာယ်လို့ ဆိုပါတယ် ။

ကျွန်မ Reference လုပ်တဲ့ Web site ကတော့

http://www.paranormality.com/tarot_meanings.shtml ပါ။

တော်တော်ကြီးကို ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်။

http://paranormality.com/images/magician.jpg

The Magician (Le Bateleur)
The Magnus of Power

Card Number: 1
Key Number: 12
Rulership: Mercury
Hebrew Letter: Beth
Translation: House
Numerical Value: 9

Divinatory meaning
Upright - Mastery of the material world, creative action, self discipline and a willingness to take risks. An ability to recognise one's own potential, the power to initiate, communication and wit.

Ill Dignified or Reversed - Confusion, hesitation, inability to make decisive choices. Inability to properly utilise time or talents. Lack of inspiration or energy. Giving up easily, poor self image, poor co-ordination and sometimes learning difficulties.

နောက်တခု ထူးခြားချက်ကတော့ Standard International Tarot Deck က 11 – Justice , 8 –Strength ဖြစ်ပြီးတော့ ဆရာမင်းသိခ်ရဲ့ တားရော့မှာ 11- Strength , 8 – Justice ဖြစ်ပါတယ် ။

(ဆရာမင်းသိင်္ခ ဘယ်လိုမူနဲ့ ဘယ်စာအုပ်ကို ဖတ်ပြီး ယူသလဲဆိုတာ ပြောပြနိုင်တဲ့သူရှိရင်တော့ သိချင်ပါတယ်)

ကျွန်မပြောချင်တာကတော့ ကိုယ် တားရော့ဟောကြား တဲ့အခါ ကိုယ်ပိုင် Rule နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက် အယူအဆများ ထားရှိနိုင်ပါတယ်။

သူတပါး ရဲ့ Rule ကိုမှားယွင်းတယ် လို့ တော့ပြောမရပါဘူး။

ကိုယ်တိုင်ပြတ်သားဖို့ သာလိုပါတယ်။

အဲ့ဒါကတော့ ကျွန်မရဲ့ အယူအဆဖြစ်ပါတယ် ။

မေတ္တာဖြင့်
မိုးသူ
Read more...

Monday, July 20, 2009

ဇူလိုင် ၂၂ - နေကြတ်ခြင်း

| | 0 comments


၂၀၀၉ ခုနှစ်တွင် နေကြတ်ခြင်းနှစ်ကြိမ်ဖြစ်ပေါ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့မှ သိရသည်။ ပထမအကြိမ် နေကြတ်ခြင်းမှာ ဇန်နဝါရီ ၂၆ ရက်တွင် ဖြစ်မည်ဖြစ်ကာ နေကြတ်ခြင်းအား အရှေ့အာဖရိက၊ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား၊ သြစတြေးလျ၊ အရှေ့တောင်အာရှ နှင့် မြန်မာနိုင်ငံမှ တစ်စိတ်တစ်ပိုင်းမြင်ရမည် ဖြစ်ကြောင်းသိရသည်။ ဒုတိယအကြိမ်နေကြတ်ခြင်းမှာ ဇူလိုင် ၂၂ ရက်တွင်ဖြစ်ပြီးအရှေ့အာရှ၊ အိန္ဒိယ၊ နီပေါ၊ တရုတ်၊ ပစိဖိတ်၊ ဟာဝိုင်ယီ နှင့် မြန်မာ ခါကာဘိုရာဇီမှ အပြည့်၊ မြစ်ကြီးနားမှ ၈၅ ရာခိုင်နှုန်း၊ မန္တလေးမှ ၈၀ ရာခိုင်နှုန်း၊ ရန်ကုန်မှ ၇၅ ရာခိုင်နှုန်း၊ မြိတ်မှ ၅၀ ရာခိုင်နှုန်း တစ်စိတ်တစ်ပိုင်း မြင်ရမည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် လကြတ်ခြင်းမှာ ဇူလိုင် ၇ ရက်တွင် တစ်ကြိမ်၊ သြဂုတ်လ ၆ ရက်တွင် တစ်ကြိမ်၊ ဒီဇင်ဘာ၃၁ရက်တွင် တစ်ကြိမ် ဖြစ်ပေါ်သွားမည် ဖြစ်ကြောင်း သိရသည်။ အသေးစိတ်ကို မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့မှထုတ်ဝေသော ၂၀၀၉ ခုနှစ် မင်္ဂလာအခါတော်ပေး ဗေဒင်ပြက္ခဒိန်တွင် ထည့်သွင်းဖော်ပြထားမည်ဖြစ်ကြောင်း ၂၀၀၈ခုနှစ် အောက်တိုဘာလ ၃၀ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ်တွင်ဖော်ပြထားပါသည်။ (Source: ခေတ်လူငယ်)


အနောက်တိုင်းရော အရှေ့အတိုင်း အယူအဆတွေမှာတော့ နေကြတ်ခြင်းဟာ ကောင်းတဲ့ နိမိတ်လက္ခဏာ မဟုတ်ပါဘူး။ အခု ဇူလိုင် ၂၂ မှာ နေကြတ်တာဟာ ၂၁ ရာစုမှာ အကြာဆုံး နေကြတ်မှုလို့လည်း ပြောကြပါတယ်။ ကျွန်တော်တို့ ဆိုက်ဒ်က တားရော့နဲ့ လီနော်မန်အဓိကဖြစ်လေတော့ နေကြတ်ခြင်းကို အသေးစိတ် မရေးတော့ပါဘူး။ ဒါပေမယ့် ခုလောလောဆယ် ပို့စ်မတင်ဖြစ်တာနဲ့ပဲ ဒီ ဇူလိုင် ၂၂ နေကြတ်ခြင်းနဲ့ ပတ်သက်ပြီး ကျွန်တော် စိတ်ဝင်တစားနဲ့ အင်တာနက် မွှေရင်း တွေ့လာတဲ့ Site တွေကိုတော့ မျှချင်ပါတယ်။

  • နေကြတ်ခြင်းကို Wikipedia မှာဖတ်ချင်ရင်တော့ >>> ဒီကိုသွားပါ
  • NASA ရဲ့ Information စာမျက်နှာ ကတော့ >>> ဒီမှာပါ
  • အနောက်တိုင်း နက္ခတ်ရှုထောင့်က သုံးသပ်ထားတာက >>> ဒီမှာပါ
  • နေကြတ်ခြင်းနဲ့ ပတ်သက်တဲ့ အယူသီးမှုများအကြောင်းကတော့ >>> ဒီမှာပါ
  • National Geographic က ဗီဒီယိုနဲ့ သတင်းက >>> ဒီမှာပါ
  • မြန်မာ့ရိုးရာ ဗေဒင်နှင့် နက္ခတ်ဆိုက်ဒ်မှာ ရေးထားတာ >>> ဒီမှာဖတ်ပါ
  • စိတ်ဝင်တစား မျှချင်တဲ့ အွန်လိုင်းမိတ်ဆွေ ကိုရန်းဂန်းရဲ့ အမြင် >>> ဒီကိုသွားပါ
  • ကိုရန်းဂန်းရဲ့ နောက်ထပ် ပို့စ်တစ်ခုပါ >>> ဒီမှာပါ

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျှက်
အုပ်စိုး
Read more...

Saturday, July 18, 2009

အဖြေပေးမလို့

| | 0 comments

ညီမလေးရေ ..
အမ လူတယောက်ကို အဖြေပေးမလို့  ……..
မမ


မိုးသူ - ဟုတ်ကဲ့ မမရေ …..
ပုလင်းကွဲမျက်စိနဲ့ အတင်းဖြဲကြည့်လိုက်ပြီး ကုလားဖန်ထိုး ကြည့်လိုက်တော့ -



Queen of Swords , Ace of Cup နဲ့  4 Of Cups ရှင့် 



Past , Current နဲ့  Near Future ဟောရရင်တော့ ……….

Queen of Swords - ဒီမမ က အထီးကျန်နေရှာတယ် .. သူ့ မှာ ချစ်သူရည်းစားနဲ့ ကွဲဘူးတာလည်း ဖြစ်နိုင်တယ် ။ ကိုယ်ကျင့် တရားစောင့်ထိမ်း မှုကိုလည်း ဖော်ပြတယ် ….

Ace of Cups - ဒီကဒ်အရတော့ တားလို့ ရမယ်မထင်ဘူး ရှင့် .. ပြန်တော့ကြိုက်ဖြစ်ဦးမှာပဲ .. ဒီကဒ်က ချစ်ခင်ပေါင်းသင်းမှု အစပျိုးခြင်းကို ပြသတော့ …

4 of Cups - အဲ့ဒါကပြသနာ .. သူက အလိုပြည့်မယ်မထင်ဘူး.. သူ့ ချစ်သူကို ပျင်းရိငြီးငွေ့ တော့မှာ ………….

အဲ့ဒီတော့ ကာ … ကဲ.. အမရေ .. ချစ်ချင်ရင်တော့ ပြန်သာချစ် .. ဒါပေမယ့် အမ လိုအင်တော့ပြည့်မယ်မထင်ဘူး .. အမမျှော်လင့် ထားတာတွေ သူ့ ဆီကမရနိုင်ဘူး ..

--------------------------------------

၃ ရက်ခန့် ကြာသော် …………

မိုးသူ - အဆင်ပြေလား မမရေ …
မမ - He is cool .. ဒါပေမယ့် သူကဦးမဆောင်နိုင်ဘူး .. မမက မမကို ဦးဆောင်နိုင်မယ့် လူ လိုချင်တာ ..

ဘာပြောရမှန်းတောင် မသိတော့ဘူး …………..
Read more...